မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Monday, 25th September 2017 1:26pm.
line decor
ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု - by ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း - Short, Simple and Easy to Remember Dhamma Note, DhammaWeb ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု by ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း
Untitled Document

ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု

ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး အိုင်စီအေအာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့ မှတ်ချက်ကတော့ ........"..စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ ။

ဗုဒ္ဓဘာသာ ဦးရေ အနည်းငယ်သာ ပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကို ရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ် ၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ် ။ ".......တဲ့ ။ အိုင်စီအေ အာရ်ယူအက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြားရေးမှုး " ဂျွန်နာဟာတ် ( Joona Hult )" က ပြောတာကတော့ ....."..ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။

ဗုဒ္ဓဘာသာဝင်တွေဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။ ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့  ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အိုရှောင်နတ်ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညိုပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော်အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။

ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ ။"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ......".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာက အဖြေ ရှာပြီးသားဖြစ်တယ် " .........လို့ မှတ်ချက်ပေးပါတယ် ....။ ဂျေရုဆလင်က ဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း ......."ပွင့်ပွင့်လင်းလင်း ၀န်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့ တိုင်း ၀ိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။".........တဲ့ ။.....ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ ( မူရင်းကို အပြည့်အစုံ ကြည့် လိုတယ် ဆိုရင်တော့ ( WWW.sikhpilosophy.net/ ) မှာ အမြဲ လွှင့်တင်ထားပါတယ် ) ....။

( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း )

(ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု ) by ( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း)
You need to select an ID number of a data entry
   

Dhamma Web