| မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ) | Dhamma Web | ||
| www.dhammaweb.net | |||
|
Saturday, 25th May 2013 11:20pm. |
|||
|
ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး ၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များ ပြုသောအခါ ကုသိုလ်ဇောတို့သည် ၇-ကြိမ် ရ-ကြိမ် ဖြစ်သွားကြပေသည်။ ထို ၇-ကြိမ်တို့တွင် ပထမဇောကုသိုလ်စေတနာကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်ပေသည်။ ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည် ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးနိုင်ပေသည်။ ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးသော်လည်း သူ့ရှေ့မှ ဇောအကူအညီကိုမရ၍ ရှေးဦးစွာ ဖြစ်ရသည့် ပထမဇောကုသိုလ်ကံ ဖြစ်သောကြောင့် မွေးဖွားခါစ ကလေးငယ်များကဲ့သို့ အားနည်းလှပေသည်။ ထို့ကြောင့် အကျိုးပေးသောအခါ ပထမဇောကုသိုလ် စေတနာကံသည် ထင်ထင်ရှားရှား အကျိုးမပေးနိုင်ပေ။ မထင်မရှားသာ အကျိုးပေးနိုင်ပေသည်။ ပထမဇောကုသိုလ်စေတနာကံသည် ယခုမျက်မှောက်ဘ၀၌ပင် ကုသိုလ်ရှင် ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ ရှိနေရအောင် ကုသိုလ်ရှင် ပြုချင်သည့်ကိစ္စများ လွယ်လွယ်နှင့် ပြီးမြောက်သွားရအောင် ကုသိုလ်ရှင် အလိုရှိအပ်သည့် အကျိုးတရားများ လွယ်လွယ်နှင့် ရရှိသွားရအောင် မထင်မရှားပင် အကျိုးပေးနိုင်ပေသည်။ ယခုဘ၀၌ အကျိုးပေးခွင့်မရလျှင် နောင်ဘ၀များ၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားရပေသည်။ ပထမဇောကုသိုလ် စေတနာကံသည် အားနည်းသော ကုသိုလ်ကံပင်ဖြစ်သော်လည်း ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင်တော့ ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။ ထူးခြားသည့်အကြောင်း ၄-ချက်မှာ- အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရ မြက်ထမ်းသမားသည် ထူးခြားသော အကြောင်း ၄-ချက်နှင့်ပြည့်စုံစွာ လှူဒါန်းရသောကြောင့် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်ရသည့် သာဓက ရှိခဲ့ပေသည်။ ထိုအခါ အန္နာဘာရသည် အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူလိုသောကြောင့် အိမ်ရှင်မထံ ပြန်သွား၍ နှစ်ယောက်စာထမင်းကို ယူလာကာ အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်းပြီးလျှင် ဤတထပ်စာမျှသော ဆွမ်းကို လှူဒါန်းရသည့် ကောင်းမှုကြောင့် နောင်ဖြစ်လေရာ ဘ၀တိုင်းတို့၌ ဆင်းရဲသားမျိုးမှာ မဖြစ်ရပါလို၏။ မရှိဟူသောစကားကို မကြားမသိရပါလို၏-ဟု ဆုတောင်းပတ္ထနာ နှစ်ခုကို ပြုလိုက်ပေသည်။ ဤကဲ့သို့ တထပ်စာဆွမ်းကို လှူဒါန်းကာ ဆုတောင်းပတ္ထနာပြုပြီးလျှင် အိမ်သို့ပြန်လာသောအခါ သူမနသူဌေးက အန္နဘာရ၏ ဆွမ်းအလှူကို တကျပ်မှစ၍ တထောင်ထိအောင် တိုးပေး၍ ၀ယ်ယူသော်လည်း မရောင်းသည့်အတွက်ကြောင့် အမျှဝေစေပြီး သာဓုခေါ်ကာ ငွေတထောင်ပေးလေ၏။ ထို့နောက် မင်းကြီးထံသို့ သွားဖို့ရန်ရှိ၍ အန္နဘာရကို မင်းကြီးထံသို့ ခေါ်သွားလေ၏။ မင်းကြီးကလည်း တထောင်ထပ်ပေးပြီးလျှင် အိမ်ဆောက်ဖို့ရန်အတွက် ခြံမြေတခုကို ပေးပြန်လေသည်။ ထိုခြံမြေကို ရှင်းလင်းသောအခါ အန္နဘာရအတွက် ရွှေအိုးများ ပေါ်ထွက်လာသောကြောင့် ဆင်းရဲသားကို သူဌေးကြီးဘွဲ့ ပေးလိုက်လေ၏။ အန္နဘာရမြက်ထမ်းသမား၏ ဆွမ်းအလှူသည်- ဤသာဓကကိုထောက်ထား၍ အလှူဒါနပြုသောအခါ အလှူခံပုဂ္ဂိုလ်ဘက်က အကြောင်းအင်္ဂါ နှစ်ပါးနှင့်လည်း ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရွေးချယ်ကြရပေသည်။ အလှူပေးပုဂ္ဂိုလ် မိမိတို့ဘက်ကလည်း အကြောင်းအင်္ဂါ နှစ်ချက်နှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စီမံပြုလုပ်ကြရပေသည်။ ( ၂ ) ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ၇-ခုမြောက်ဖြစ်သည့် သတ္တမဇောကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုသတ္တမဇော ကုသိုလ်စေတနာကံသည် ယခုဘ၀မှ ကွယ်လွန်သွားပြီးသောအခါ ဒုတိယဘ၀၌ အကျိုးပေးသောကံ ဖြစ်ပေသည်။ သတ္တမဇော ကုသိုလ်စေတနာကံသည် ဇော ၇-ကြိမ်တို့တွင် နောက်ဆုံး အဆုံးဇောစေတနာကံဖြစ်၍ အားနည်း၏။ ထို့ကြောင့် ဒုတိယဘ၀၌ပင် အကျိုးပေးရသည်။ ဒုတိယဘ၀၌ အကျိုးပေးခွင့် မရခဲ့သော် တတိယဘ၀၊ စတုတ္ထဘ၀ စသည်တို့၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံများ ဖြစ်သွားရပေသည်။ ( ၃ ) အပရာပရိယဝေဒနီယကံ-တတိယဘ၀မှ စ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသော ကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ပထမဇောကံနှင့် သတ္တမဇောကံ ၂-ပါးကို ကြဉ်ဖယ်၍ အလယ်ဇော ၅-ခု ကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုအလယ်ဇော ကုသိုလ်စေတနာကံ ၅-ခုသည် ရှေးရှေးဇောများက ရရှိကြသောကြောင့် အားနှင့်ပြည့်စုံကြပေသည်။ ထို့ကြောင့် တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးနိုင်ပေသည်။ ( ၄ ) အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူသည် အကြင် ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ တို့သည် မိမိတို့ အကျိုးပေးရာကာလတို့၌ အကြောင်းမသင့် အခွင့်မသာ၍ အကျိုးမပေးကြရပေ။ ထိုကံတို့သည်ပင်လျှင် အဟောသိကံတို့ ဖြစ်သွားကြရပေသည်။ ဤကဲ့သို့ ကုသိုလ်ကံတို့သည် အကျိုးပေးရာကာလအားဖြင့်- အကုသိုလ်ကံတို့သည်လည်း ကုသိုလ်ကံတို့ကဲ့သို့ပင် အကျိုးပေးရာကာလအားဖြင့် ၄-မျိုးကွဲပြားလျက် ရှိကြပေသည်။ သဒ္ဓမ္မရံသီ ဆရာတော် ( မြတ်မင်္ဂလာ ၂၀၀၁-ခု သြဂုတ်လ ) Result of Dana in four ways (ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး) by Sadhammaransi Sayadaw (သဒ္ဓမ္မရံသီ ဆရာတော်) |
||||||||||
| ဒါန နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ | |||||||||||
Dhamma Web |