မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Wednesday, 20th September 2017 9:21am.
line decor
ဘာမီယန်တောင်ကြားမှ ကမ္ဘာအကြီးမားဆုံးရပ်တော်မူနှစ်ဆူ - Bamiyan Buddha by ကောင်းထက်ညွန့် - Kaung Htat Nyunt Short, Simple and Easy to Remember Dhamma Note, DhammaWeb ဘာမီယန်တောင်ကြားမှ ကမ္ဘာအကြီးမားဆုံးရပ်တော်မူနှစ်ဆူ by ကောင်းထက်ညွန့်
Untitled Document

ဘာမီယန်တောင်ကြားမှ ကမ္ဘာအကြီးမားဆုံးရပ်တော်မူနှစ်ဆူ
Ref: http://en.wikipedia.org/wiki/Buddhas_of_Bamyan

ကမ္ဘာအကြီးမားဆုံးရပ်တော်မူနှစ်ဆူ တည်ရှိခဲ့ရာ ဘာမီယန်တောင်ကြား ရူခင်းအလှ


ဘာမီယန်တောင်ကြား (Bamiyan Valley)
တစ်ချိန်တုန်းက အာဖကန်နစ္စတန်ကို အာရှ၏အချက်အချာကျသောဒေသဟုသတ်မှတ်ကြသည်။ မြိုပြယဉ်ကျေးမှုထွန်းကားသော၊ဘူမိနက်သန်ဖြစ်သော ဘာမီယန်တောင်ကြားကိုလည်း အာဖကန်နစ္စတန်၏အဓိကအသည်းဟုခေါ်ဆိုကြသည်။ဘာမီယန်တောင်ကြားသည် ကိုဘော(Kobul)မြို့၏အနောက်မြောက်ဘက်၁၄၃မိုင်(ကီလိုမီတာ၂၃၀)အကွာ, အာရှတိုက်နိုင်ငံများနှင့် ဥရောပ၊မြောက်အာဖရိက၊မက်ဒီတေးရီယန် သို့ ကုန်သွယ်ရန်ဖောက်လုပ်ထားသောပိုးလမ်းမကြီး(Silk Road)ပေါ်တွင်တည်ရှိသည်။ ဟဇရမြေ (Hazara Land) ဟုခေါ်ဆိုပြီး ဟဇရ(Hazara Turko-Mongols) ဒေသခံလူမျိုးများနေထိုင်ကြသည်။ ကူရှန်အင်ပါယာ(Kushan Empire)၏ ဗဟိုချက်လည်းဖြစ်ခဲ့သည်။ အရှေ့တိုင်းမြို့ပြယဉ်ကျေးမှုနှင့် အနောက်နိုင်ငံများယဉ်ကျေးမှုတို့ပေါင်းဆုံဖလှယ်ရာနေရာလည်းဖြစ်ခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်မှပေပေါင်း ၈၂၀၂ ထက်တွင်တည်ရှိသောကြောင့် Roof of the world ဟုလည်းလူသိများသည်။ ၁၁ ရာစု ခေတ်တိုင်အောင်ဘာမီယန်ဒေသသည် ဂန္ဓာရတိုင်း၏အုပ်ချုပ်မှုအောက်တွင်တည်ရှိခဲ့သည်။ အေဒီနှစ်ရာစုခန့်တွင် ဘာမီယန်တောင်ကြားသည်ဗုဒ္ဓသာသာနာ၏အရေးကြီးသောဌာနတည်ခုဖြစ်ခဲ့သည်။

၂၄၇ခုနှစ်တွင် အာသောကမင်းကြီး (King Asoka) စေလွတ်သော ဓမ္မရက္ခိတမထေရ်၊
မဇ္ဇ န္တိကမထေရ်နှင့်မဟာရက္ခိတမထေရ်တို့ ဦးဆောင်သည့် သာသနာပြုအဖွဲ့ သည်
ဂန္ဓာရတိုင်း၊အာဖကန်နစ္စတန်နှင့်ပတ်ဝန်းကျင်ဒေသများသို့ရောက်ရှိချိန်မှစတင်၍ ဗုဒ္ဓသာသနာထွန်းကားခဲ့သည်။

အေဒီ ၄ ရာစုမှစ၍အေဒီ ၈ ရာစုနှစ်အထိဗုဒ္ဓသာသာနာ၏အရောင်အဝါအထွန်းကားဆုံးအချိန်ဖြစ်ခဲ့သည်။
အနယ်နယ်အရပ်ရပ်မှဗုဒ္ဓဘာသာဝင်များ၏ ဘုရားဖူးထွက်ရာ နေရာဖြစ်ခဲ့သည်။
များစွာသောဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတည်ရှိရာဒေသ၊ဗုဒ္ဓသာသနာစည်ပင်ပွားများရာဒေသ၊
တွေးခေါ်မှုဆိုင်ရာဖလော်ဆော်ဖီပညာရပ်တိုးတက်ရာဒေသနှင့်အိန္ဒိယလက်မူ့အနုပညာတို့ထွန်းကာရာဒေသဖြစ်ခဲ့သည်။ 

ဘာမီယန်တောင်ကြား၏သဲကျောက်တောင်နံရံတို့တွင်ထွင်းဖောက်တည်ဆောက်ထားသောတပါးကျောင်းဆောင်ငယ်များသည် ရဟန်းတော်များ၏တောရဆောက်တည်ပြီးကမ္မဌာန်းတရားပွားများအားထုတ်ရာနေရာများဖြစ်ခဲ့ကြသည်။
ထိုရဟန်းတော်များသည်မိမိတို့၏ကျောင်းနံရံတို့ကိုသာသနာနှင့်သက်ဆိုင်သည့်ပန်းချီကားတိုဖြင့်ရေးချယ်ခဲ့ကြသည်။

ခရစ်နှစ် ၆၃၂ခန့်က တရုပ်ဘုန်းတော်ကြီး ရှန်ဇန်(Xuan Zang)၏ခရီးသွားမှတ်တမ်းအရ ဘာမီယန်တောင်ကြားသည် များစွာသောဘုန်းကြီးကျောင်းပေါင်း နှင့်
ရဟန်းတော်ပေါင်းသောင်းချီ၍ရှိသော ဗုဒ္ဓသာသနာ၏အထွန်းကားဆုံးဗဟိုချက်ဖြစ်ကြောင်းဖော်ပြထားသည်။
သဲကျောက်တော်၏နံရံတွင်ထွင်းထုထားသောတောနေရဟန်းများကမ္မဌာန်းတရားအားထုတ်ရန်တပါးကျောင်းငယ်ပေါင်း၁၀၀၀ကျော်ရှိသည်။[ဒုက္ခသည်များသည် ထိုကျောင်းငယ်များကိုတွင် ယနေ့ထက်တိုင်ဆက်လက်နေထိုင်ဆဲဖြစ်သည်။]
ထိုရပ်တော်မူရုပ်ပွားတော်နှစ်ဆူကိုရွှေနှင့်အဖိုးတန်ရတနာတို့ဖြင့်စီခြယ်ပူဇော်ထားကြောင်းမှတ်တမ်းတင်ခဲ့သည်။
ထိုနှစ်ဆူတို့ထက်ပိုမိုကြီးမားသော(မီတာ၃၀၀ခန့်ရှည်လျားသော)လျောင်းတော်မူရုပ်ပွားတော်တစ်ဆူအကြောင်းလည်းဖော်ပြခဲ့သည်။
ထိုဘာမီယန်ရုပ်ပွားတော်တို့နှင့်လက်ရာတူသောထိုင်တော်မူရုပ်ပွားတော်တစ်ဆူသည်တရုပ်နိုင်ငံဂန်စုရွာဘန်လင်းဘုန်းတော်ကြီးကျောင်း(Bingling Temple)တွင်တည်ရှိသည်။

 

ဖျောက်ခွဲဖျက်ဆီးခြင်းခံရသည့် ကမ္ဘာအကြီးမားဆုံးရပ်တော်မူနှစ်ဆူ တည်ရှိရာ ဘာမီယန်တောင်ကြား၏ရူမြင်ကွင်း

ဖျောက်ခွဲဖျက်ဆီးခြင်းခံရသည့် ကမ္ဘာအကြီးမားဆုံးရပ်တော်မူတစ်ဆူ

ကမ္ဘာအကြီးမားဆုံးရပ်တော်မူရုပ်ပွားတော်နှစ်ဆူ

ကိုဘော(Kobul) မြို့တော်၏နောက်မြောက်ဘက်မိုင်၁၄၃ အကွာ ဘာမီယန်တောင်ကြားတွင် သဲကျောက် (Sandstone Cliffs )တောင်၏နံရံ၌
ထုဆစ်ထားသောအထင်ရှားဆုံးရပ်တော်မူရုပ်ပွားတော်နှစ်ဆူ၏အမည်မှာ ဝရောစန( Vairocana ) နှင့်သကျမုနိ( Sakyamuni) တို့ဖြစ်ကြသည်။မတူညီသည်မုဒြာပုံစံဖြင့်ထုဆစ်ခဲ့ကြသည်။
ဝရောစနရပ်တော်မူ၏ဥာဏ်တော်မှာ၅၅မီတာ(ပေ၁၈၀) အမြင့်ရှိပြီး၊ သကျမုနိရပ်တော်မူ၏ဥာဏ်တော်မှာ၃၇မီတာ(ပေ၁၂၁) အမြင့်ရှိသည်။ သကျမုနိရပ်တော်မူကို ရှမမ (Shamama) ဟုအရပ်သုံးစကားဖြင့်ခေါ်ဆိုပြီး-မိဘုရားကြီ၏မယ်တော်(Queen Mother)ဟုအဓိပ္ပါယ်ရသည်။ ဝရောစနရပ်တော်မူကို ဆယ်ဆယ်(Salsal) ဟုခေါ်ဆိုပြီး ဗုဒ္ဓ ဟုအဓိပ္ပါယ်ရသည်။

တည်ဆောက်ခဲ့သည့်ခုနှစ်

ကာဘွန်သက်တမ်းခန့်မှန်းနည်း(Carbon Dating) အရ
သကျမုနိဗုဒ္ဓ(ရပ်တော်မူငယ်)ကိုခရစ်နှစ်၅၀၇ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး၊ဝရောစနဗုဒ္ဓ(ရပ်တော်မူကြီး)ကို၅၅၄ခုနှစ်တွင်တည်ဆောက်ခဲ့သည်။
တရုပ်ဘုန်းတော်ကြီးရှန်ဇန် (Xuan Zang)က ခရစ်နှစ် ၆၃၂ ၌ တွေ့ ရှိခဲ့ကြောင်း သူ၏ခရီးသွားမှတ်တမ်းတွင်ဖော်ပြထားသည်။

ရပ်တော်မူရုပ်ပွားတော်နှစ်ဆူတည်ဆောက်ထားပုံ

သာသနာထွန်းကာခဲ့စဉ်ကရဟန်းတော်များတောရဆောက်တည်ကာသီတင်းသုံးခဲ့သော သဲကျောက်တောင်နံရံကိုထွင်း၍တည်ဆောက်ခဲ့သော ကျောင်းငယ်ကလေးများကို ယခုအခါ ဟဇရလူမျိုးဒုက္ခသည်များနေထိုင်ကြဆဲဖြစ်သည်။ ဟဇရမိသားစုများစွာသည် ထိုကျောက်တောင်များကြားတွင် ဂူအောင်းနေထိုင်သူများ(cave-dwellers) ယနေ့ထက်တိုင်ရပ်တည်ရှင်သန်နေထိုင်ခဲ့ကြသည်။

တရားဓမ္မကိုကြည်ညိုသောမင်းကောင်းမင်းမြတ်လက်ထက်တွင် ဒေသခံဗုဒ္ဓဘာသာရဟန်းတော်များကဦးဆောင်ကြီးကြပ်ပြီး ကုရှန်(Kushan)မင်းဆက်၌ ဟဇရ(Hazara Turko-Mongols) ဒေသခံလူမျိုးများကထုဆစ်တည်ဆောက်ခဲ့ကြသည်။အိန္ဒိယပြည်၊ဂန္ဓာရတိုင်းမှသုခလက်မှုပညာ(Gandhara art)လက်ရာဖြင့်အနုစိတ်မွန်းမံထားခဲ့သည်။

ထိုရုပ်ပွားတော်နှစ်ဆူမှာကျောက်ဆစ်လက်ရာများထွန်းကာသောခေတ်(stone carving)တွင်အပြောင်မြောက်ဆုံးသောလက်ရာဖြစ်ခဲ့သည်။
ရုပ်ပွားတော်၏ခန္ဓာကိုယ်တော်(Main Body)ကို သဲကျောက် (Sandstone cliffs)တောင်မှ ထွင်းယူခဲ့ပြီး အနုစိတ်လက်ရာများကိုရွံနှင့်ကောက်ရိုးတို့ဖြင့်ပုံပြုလုပ်ခဲ့သည်။ ဆဒ်ကို(stucco)
အမှုန့်မျိုးဖြင့်မွန်းမံ(Coated)လုပ်ခဲ့သည်။မျက်နှာတော်၊လက်ချောင်းတော်နှင့်သင်္ဃန်းတော်တို့ကဲ့သိုအနုစိတ်လက်ရာများကိုရွံ့ နှင့်ကောက်ရိုးတို့ဖြင့်ပုံပြုလုပ်ခဲ့ပြီးဆဒ်ကို(stucco)
အမှုန့်မျိုးဖြင့်မွန်းမံလိမ်းကျံ(Coating)ခဲ့သည်။ ရပ်တော်မူရုပ်ပွားတော်အကြီး(ဝရောစနဗုဒ္ဓ)ကို(Carmine Red) ကာမိုင်းအနီရောင်ဖြင့်ဆေးချယ်ပူဇော်ခဲ့ပြီး၊ရပ်တော်မူရုပ်ပွားတော်အငယ်(သကျမုနိဗုဒ္ဓ)
ကိုအရောင်မျိုးစုံတို့ဖြင့်ဆေးချယ်ပူဇော်ခဲ့သည်။လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင်ထိုဆေးရောင်နှင့်အနုစိတ်လက်ရာများမှာပျက်စီးယိုယွင်းခဲ့ကြသည်။

ရပ်တော်မူရုပ်ပွားတော်၏အောက်ပိုင်းလက်တော်ကိုလည်း (ခန္ဓာကိုယ်တော်အထက်ပိုင်းကဲသို့ပင်)သစ်သားဖြင့်
တည်ထားသောဘောင်ပေါ်တွင်ကောက်ရိုးခြောက်နှင့်ရွံတို့ဖြင့်ရောနှောတည်ဆောက်ခဲ့သည်။
မျက်နှာတော်၏အပေါ်ပိုင်းနေရာတွင်သစ်သားဖြင့်မျက်နှာဖုံးပုံစံမိုပြုလုပ်၍သွန်းလောင်းခဲ့သည်ဟုယူဆခဲ့ကြသည်။ဓါတ်ပုံပေါ်တွင်မြင်တွေရသောအပေါက်ငယ်အတန်းများစွာသည်
တည်ငြိမ်တောင့်တင်းမှုရရန်သုံးသော သစ်သားဖရိမ်ချောင်းများထည့်သွင်းရန်အပေါက်ငယ်များဖြစ်သည်။ [ဖောက်ခွဲဖျက်ဆီးခဲ့ပြီးသည်နောက် ရပ်တော်မူ၏(ပလာစတာ,ဖရိမ်အဖြစ်သုံးသောသစ်သားစ)အပိုင်းအစပေါင်း၃၀၀၀ကျော်ကိုပြန်လည်စုဆောင်းရရှိသည်။
အာဖဂန်ရာသီဥတု၏အပူချိန်မြင့်မားပြီးစိုထိုင်းဆနည်းပါးခြင်းသည်ထိုပလာစတာများနှင့်သစ်သားတို့ကိုနှစ်ပေါင်းများစွာကြာရှည်တည်တံ့စေခဲ့သည်။]

စဥ့်အုတ်သားဖြင့်ပြုလုပ်ထားသောတံဆိပ်များ၊လက်ဝတ်ရတနာများကိုဌာပနာထည့်သွင်းမြုတ်နှံခဲ့သည်။ ဗုဒ္ဓ၏အဆုံးအမများရေးသားအက္ခရာတင်ထားသည့် စဥ့်အုတ်များနှင့်သစ်ခေါက်ကို
ရပ်တော်မူရုပ်ပွားတော်အကြီး၏ရင်ဘတ်တော်နေရာတွင်တည်ဆောက်စဉ်ကထည့်သွင်းဌာပနာအဖြစ်ထည့်သွင်း မြုတ်နှံခဲ့သည်။
ရှေ့ပိုင်းဒေသ၏အထင်ရှားအကျော်ကြားဆုံးသောယဉ်ကျေးမူ့နေရာဖြစ်ပြီး UNESCO အဖွဲ့မှ World Heritage Site
အဖြစ်သတ်မှတ်ခဲ့သည်။ အန္တရာယ်ရှိသောနေရာတစ်ခုအဖြစ်လည်းသတ်မှတ်ထားသည်။

ကမ္ဘာအကြီးမားဆုံးရပ်တော်မူတစ်ဆူမှ အနီးကပ်မြင်ကွင်း

ရပ်တော်မူရုပ်ပွားတော်နှစ်ဆူဖျက်ဆီးခံရခြင်း
၂၀၀၁နှစ်မတ်လမှစ၍ တာလီဘန်တို့သည်သဲတောင်နံရံလိုင်ဂူပေါက်မှရပ်တော်မူနှစ်ဆူတို့အား တင့်ကားများ၊ဗုံးများနှင့်လေယာဉ်ပစ်မြောက်များဖြင့်မည့်ကဲ့သိုဖျက်ဆီးခဲ့သည်။
ပထမအဆင့်နေဖြင့်လေယာဉ်ပစ်အမြောက်များဖြင့်နေ့ပေါင်းများစွာပစ်ခတ်ခဲ့ကြသည်။
ထိုလက်နက်များမြောက်များစွာဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့သည်လည်း တာလီဘန်များမျှော်လင့်ထားသလောက် မပျက်ဆီးခဲ့ပေ။တခြားနိုင်များမှဖောက်ခွဲမူကျွမ်းကျင်သူများကလောရောက်ကူညီကာစနစ်တကျဖျက်ဆီးပေးခဲ့သည်။
နောက်ဆုံးတော့ ဒိုင်းနမိုက်တန်ပေါင်းများစွာ (၅၀၀၀၀ကီလို)ကိုရုပ်ပွားတော်၏ပခုံးတော်နှင့်လက်တော်တို့၏အောက်တွင်မြုတ်နှံပြီးတစ်ပြိုင်နက်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
၂၀၀၁နှစ် မတ်လ ၂၁ ရက်နေ့တွင် တာလီဘန်တို့ကတစ်စမကျန်ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ဝရောစန( Vairocana )ရပ်တော်မူ သကျမုနိ( Sakyamuni) ရပ်တော်မူ
၂၄၇ခုနှစ် အာသောကမင်း၏သာသနာပြုအဖွဲ ကြောင့်ဗုဒ္ဓသာသနာစတင်ထွန်းကားသည်
တည်ဆောက်သည့်နှစ် ၅၅၄ခုနှစ် ၅၀၇ခုနှစ်
ဥာဏ်တော်အမြင့် ၃၇မီတာ(ပေ၁၂၁) ၅၅မီတာ(ပေ၁၈၀)
်၆၃၂ နှစ် တရုပ်ဘုန်းတော်ကြီး ရှန်ဇန်(Xuan Zang)က တွေ့ ရှိမှတ်တမ်းတင်ခဲ့သည်
၉၀၀ကျော်နှစ်များ ဗုဒ္ဓသာသနာမှေးမှိန်ကွယ်ပျောက်ခဲ့သည်
၁၁၀၀ကျော်နှစ်များ မာမက်(Mahmud of Ghazni)က အာဖကန်နစ္စကိုသိမ်းပိုက်ခဲ့ပြီး ရပ်တော်မူတို့အားဖျက်ဆီးခဲ့သည်။မအောင်မြင်ခဲ့။
၁၃၀၀ကျော်နှစ်များ ဂျင်ဂစ်ခန်(Genghis Khan) က အာဖကန်နစ္စကိုသိမ်းပိုက်ခဲ့သည်။ သို့သော် ရပ်တော်မူနှစ်ဆူအားမဖျက်ဆီးခဲ့ပါ။
၁၉၇၀ကျော်နှစ်များ ဆိုဗီယက်တို့ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ရပ်တော်မူနှစ်ဆူအားမဖျက်ဆီးခဲ့ပါ။
၂၀၀၁နှစ် မတ်လ ၂ ရက် တာလီဘန်တို့ကစတင်ဖျက်ဆီးခဲ့သည်။
့်၂၀၀၁နှစ် မတ်လ ၂၁ ရက် တာလီဘန်တို့ကတစ်စမကျန်ဖျက်ဆီးခဲ့သည်။

နောက်ဆက်တွဲအတွေးများ

ရပ်တော်မူနှစ်ဆူကို ဒေသခံဗုဒ္ဓဘာသာရဟန်းတော်များနှင့်ဟဇရ(Hazara Turko-Mongols)လူမျိုးများက မြတ်ဗုဒ္ဓကိုကြည်ညို၍ လူသားများကုသိုလ်တရားတိုးပွားရန်အလို့ငှာသဒ္ဒါတရားထက်သန်စွာဖြင့်ထွင်းထုတည်ဆောက်ခဲ့သည်။

အီဂျစ်နှိင်ငံတွင်တည်ဆောက်ခဲ့သော ပိရမစ်များဆောက်လုပ်ပုံနှင့်များစွာခြားနားသည်။ ပိရမစ်များကို ဖာရိုဘုရင်တို့က တမလွန်ဘဝတွင်ကောင်းမွန်စွာနေထိုင်နိုင်ရန်ရည်ရွယ်၍ ကျွန်များကို ရက်စက်စွာခိုင်းစေပြီးဆောက်လုပ်ခဲ့ကြသည်။

လွန်ခဲ့သောနှစ်ပေါင်း၁၈၀၀ကျော်ခန့်ကအာဖကန်နစ္စတန်နိုင်ငံသည် မြတ်ဗုဒ္ဓ၏အဆုံးအမများကြောင့် မြိုပြယဉ်ကျေးမူထွန်းကာနိုင်ငံအဖြစ်ရပ်တည်ခဲ့သည်။

ရေးသားသူ ကောင်းထက်ညွန့်

 

Rebuilding Bamiyan - 23 Jul 07 - Part 1

Rebuilding Bamiyan - 23 Jul 07 - Part 2

 

Bamiyan Buddha (ဘာမီယန်တောင်ကြားမှ ကမ္ဘာအကြီးမားဆုံးရပ်တော်မူနှစ်ဆူ) by Kaung Htat Nyunt (ကောင်းထက်ညွန့်)
http://en.wikipedia.org/wiki/Buddhas_of_Bamyan
နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
 
No. Myanmar Language Title author
1 ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။ Myanmar Cupid Forum
2 ကိုးတိုင်း ၉-ဌာန သာသနာပြုစေလွှတ်ခန်း။ ။ Myanmar Cupid Forum
3 ဗုဒ္ဓ နိုင်ငံတော် ပါရဂူ
4 အတုမရှိ ဗုဒ္ဓမြတ်စွာ အရှင်ကောဝိဒ (ယော)
5 မြတ်ဗုဒ္ဓ၏ အရပ်တော်အမြင့် အရှင်ကောဝိဒ (ယော)
6 ဘုရားရှင်ရဲ့ ဉာဏ်တော်(၁၀)ပါး‏ ဓမ္မရနံ့
7 မြတ်ဘုရား၏ တနေ့တာ လုပ်ငန်းစဉ် (၅) မျိုး တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ
8 ဗုဒ္ဓခြေတော်ရာ အကြောင်း သိကောင်းစရာ အရှင်နာယကာလင်္ကာရ
9 ဘာမီယန်တောင်ကြားမှ ကမ္ဘာအကြီးမားဆုံးရပ်တော်မူနှစ်ဆူ ကောင်းထက်ညွန့်
10 မြတ်စွာဘုရားရှင် ပဋိသန္ဓေနေစဉ် ရှေ့ပြေးနိမိတ်ကြီး(၃၂)ပါးအကြောင်း အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
11 ဗုဒ္ဓပွင့်တော်မူရာ ကာလ အရှင်ဝရသာမိ
12 ဘုရားရှင်တော်၏ ရုပ်ပုံတော်ကို ကြည်ညိုရ အရှင်နာယကာလင်္ကာရ
13 ရုပ်ပွားဆင်းတုတော်တွေကို ဘာကြောင့် အရိုအသေအလေးအမြတ် ပြုနေကြသလဲ။ ရွက်ဝါ
14 ဗုဒ္ဓ သာသနာ‏ Dhammaransi.net
15 မြတ်စွာဘုရားရှင် ၀ါဆိုတော်မူရာ မြို့၊ ရွာဒေသများ အရှင်ဝရသာမိ
16 ဗုဒ္ဓဘာသာဝင်များအတွက်ပါ ဆုံးမစာလေးပါ အရှင်ဆန္ဒာဓိက
17 ဘုရားရှင်တို့၏ တူညီသော အချက် ၃၀‏ Dhammaransi
18 ရွှေလက်တွဲကြမည်ဆိုပါလျှင် ဦးကောဝိဒ(မြိတ်)
19 အဆင့်မြင့်နည်းပညာများဖြင့်တည်ထားသောကမ္ဘာ့အကြီးဆုံးကြေးဆင်းတုတော် ကောင်းထက်ညွန့်
20 ဘုရားရှင် ပရိနိဗ္ဗာန် ၀င်စံရခြင်းအကြောင်း အရှင်ကောဝိဒ (ယော)
21 ဗုဒ္ဓနှင့် အာဠ၀ကဘီလူး အမေးအဖြေ‏ Dhammaransi.net
22 မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ (၃၂) ပါး အညတရ
23 ဗုဒ္ဓသစ္စာ မြတ်ဓမ္မာ ဇော်သိင်္ခ
24 မြတ်ဗုဒ္ဓ နှင့် ထူးခြားသော သင်္ကန်းချုပ်ပွဲကြီး ကျောင်းသားတစ်ဦး
25 ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု) နေဘုန်းလတ်
26 လက္ခဏာတော်မှ တစ်ဆင့် ဓမ္မရနံ့
27 အကျိုးကြီးမား ဆွမ်းနှစ်ပါး အရှင်ကောဝိဒ (ယော)
28 ဆင်းတုရှိခိုးတာ အကျိုးရှိသလား ဒေါက်တာမင်းတင်မွန်
List of Dhamma Notes related to Buddha : 28 Dhamma Notes, DhammaWeb DataBase
   

Dhamma Web