မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Tuesday, 18th June 2013 11:41pm.
line decor
တုနှိုင်းမမီ(၄) - Uncomparable (4) by ဦးကောဝိဒ(မြိတ်) - U Kovida Short, Simple and Easy to Remember Dhamma Note, DhammaWeb တုနှိုင်းမမီ(၄) by ဦးကောဝိဒ(မြိတ်)
Untitled Document

တုနှိုင်းမမီ(၄)

မြတ်ဗုဒ္ဓ၏ တရားတော်အရိပ်(၁၀)မျိုး
အရိပ်တကာ့အရိပ်တို့၌ မည်သည့်အရိပ်မျှ တုနိုင်းမမီသော မြတ်ဗုဒ္ဓ၏ တရားတော်အရိပ်သည်-------
“ဒသယိမေ ဘိက္ခဝေ နာထကရဏာ ဓမ္မာ” ဆယ်မျိုးရှိသည် ဟု မြတ်ဗုဒ္ဓ ဟောတော်မူခဲ့ပါသည်။ ထိုဆယ်မျိုးအနက်---

(၁)သီလအရိပ်
ပထမ မှီခိုရာအရိပ်သည် “ဣဓ ဘိက္ခဝေ ဘိက္ခု သီလ၀ါ ဟောတိ” သီလတည်းဟူသော မှီခိုရာပါ။ လူသားအားလုံးတို့ သည် သီလကို အမှီပြု၍ ချမ်းသာခြင်းသို့ ရောက်ကြရသည်။ (၁)ချီးမွန်းခံရခြင်း၊(၂) စည်းစိမ်ဥစ္စာပေါများခြင်း၊(၃)သေပြီး သည့်နောက် နတ်ပြည်သို့ ရောက်ခြင်း တည်းဟူသော ချမ်းသာသုံးမျိုးကို လိုလားတောင့်တကုန်သော သူများအတွက် သီလကို စောင့်ထိန်းကြရန်အရေးကြီးပေသည်၊ ထိုသုံးမျိုးအနက် ချီးမွန်းခြင်းဟုဆိုရာ၌ လူမိုက်တစ်ရာ ချီးမွန်းတာထက် လူပညာရှိ တစ်ယောက်၏ ချီးမွန်းခံရခြင်းက ပို၍ ၀မ်းမြောက်စရာ ကောင်းလှပါသည်။ သီလရှိသောသူများသည် တောင်း တိုင်း အားလုံးပြည့်စုံနိုင်သည်။ သေသောအခါ နတ်ပြည်သို့ရောက်အောင်လည်း ထို သီလက စွမ်းဆောင်ပေးသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက သီလဟူသည် ကုသိုလ်ကောင်းမှု၏အစ ဟုမိန့်တော်မူခဲ့သည်၊ ဒါနပြုတိုင်း သီလကိုဦးစွာ ဆောက်တည်ရသကဲ့သို့၊ တရားအားထုတ်မည်ဆိုပါကလည်း သီလအရင်ဆောက်တည်ရသည်၊ သီလမပါလျှင် မပြီးပါ။ ဒါနကုသိုလ်၊သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ဖိုလ်တရားများဖြစ်လာအောင် သီလက မွေးဖွားပေးလိုက်သည့်အတွက် သီလသည် ကုသိုလ်ကောင်းမှုများ၏ မွေးဖွားရာ မိခင်ကြီးသဖွယ်ဖြစ်ပါသည်။
တစ်ခါက ရဟန်းတော်တစ်ပါးသည် တောလမ်းကလာသော သူခိုးများကို မြင်၏၊ သူတို့ခိုးနေတာကို ရဟန်းမြင် သွားသည့်အတွက် သတင်းပေါက်ကြားမှာစိုး၍ ထိုရဟန်းအား အနီးရှိ သစ်ပင်တစ်ပင်၌ နွယ်ကြိုးဖြင့်ပတ်ကာ ချည်နှောင် ထားခဲ့လေသည်။ မကြာမှီ တောမီးကြီးလောင်သောအခါ ရဟန်းသည် ချည်ထားသော နွယ်ကြိုးကို ဖြတ်ပြီးကိုယ်လွတ်ရုံး လျှင် အသက်ချမ်းသာရာရနိင်ပါလျှက်နဲ့၊ သူ့ကိုချည်နှောင်ထားသော နွယ်ကြိုးက အရှင်ဖြစ်နေသောကြောင့် ရုံးလိုက်လျှင် ပြတ်သွားမည်၊ ထိုအခါ ပါစိတ်အာပတ်သင့်နိုင်သောကြောင့် သီလအပျက်မခံဘဲ တရားကိုကြိုးစားအားထုတ်ခြင်းကြောင့် မကြာမှီ အာသဝေါကင်းကွာ ရဟန္တာဖြစ်တော်မူသည်။ များမကြာမှီ တောမီးလောင်ပြီး ရဟန်းတော်သည် ထိုမှာပဲ မီးလောင်ပြီး ပရိနိဗ္ဗာန်စံဝင်ခဲ့ရသည်။
တစ်ခါက ရဟန်းတော်တစ်ပါး ပြိန်းမြက်လေးတစ်ပင်ကို ဆွဲမိသည့်အတွက် ပါစိပ်အာပတ်သင့်သည်။ သေးငယ် သောအာပတ်ဖြစ်၍ ထိုအာပတ်(သီလ)ကိုမကုစားဘဲ နေခဲ့ပါသည်၊ ထိုနောက် ၀ိပဿနာတရားကို အနှစ်နှစ်သောင်းပတ် လုံးအားထုတ်ခဲ့သည် ၊ ပျံတော်မူသောအခါ ဧရကပတ္တနဂါးမင်းဖြစ်ခဲ့ရသည်။ သီလအကျိုးနှင့်စပ်၍ “သီလ၀ီမံသကဇာတ်”ဆိုတာလည်း ရှိပါသေးသည် ၊ နောင်အလျင်းသင့်က ဖေါ်ပြပေးပါမည်။ ဆိုလိုသည်မှာ သီလ(ကိုယ်ကျင့်တရား)ကို မှီခိုရသော သူများသည် ပစ္စုပ္ပန် တမလွန် ဘ၀သံသရာ၌ ချမ်းသာသော ဘ၀ကို ပေးစွမ်းနိုင် သောကြောင့် စာဖတ်သူများသည် “သီလ” တည်းဟူသော ကိုယ်ကျင့်တရားကို မှီခိုကျရပါမည်။

Uncomparable (4) (တုနှိုင်းမမီ(၄) ) by U Kovida (ဦးကောဝိဒ(မြိတ်))
သီလ နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
 
No. Myanmar Language Title author
1 သီလ၀ိသုဒ္ဓိ အရှင်ဝိစိတ္တ(မနာပဒါယီ)
2 ငါးပါးသီလ ကံမြောက်ကြောင်း အချက်များနဲ့ ကျူးလွန် ခြင်းကြောင့် ရမည့် အပြစ်များ မခွန်မြလှိုင်
3 သီလ၏ ကောင်းကျိုး ဆိုးကျိုးများ နှင့် လူတော်လူကောင်း တက္ကသိုလ် နန္ဒာ
4 သီလမရှိလျှင် အရှင်ဇာဂရာဘိဝံသ
5 ကိုးပါးသီလတောင်းခြင်း အင်တာနက်
6 ရှစ်ပါးသီလတောင်းခြင်း အင်တာနက်
7 ငါးပါးသီလတောင်းခြင်း အင်တာနက်
8 လူပီသခဲ့ကြသူများ... ဓမ္မရနံ့
9 ပန်းတပွင့်ရဲ့ ဒိုင်ယာရီ (သို့မဟုတ်) သီလသိက္ခာ အရှင်တိက္ခဉာဏာလင်္ကာရ
10 ဥပုဒ်စောင့်လိုသူများအတွက် ရတနာ့ဂုဏ်ရည် (တောင်မြို့ဆရာတော်ဘုရားကြီး)
11 အူမနှင့် သီလ အရှင်သံဝရာလင်္ကာရ (ဓမ္မပိရဆရာတော်)
12 ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ် အရှင်ဆန္ဒာဓိက
13 ဥပုသ်သည်နဲ့ နတ်ပြည် တော်ဝင်နွယ်
14 သီလပါရမီ ရဝေနွယ်- အင်းမ
15 အကျိုးကြီးအောင် ဥပုသ်စောင့်နည်း အရှင်ဝိစိတ္တ(မနာပဒါယီ)
16 မုသာဝါဒနှင့် ပတ်သက်တဲ့ တွေးမိတာလေး အချို့ ဘုန်းဥာဏ်
17 ရှစ်ပါးသီလ ရှစ်ပါးသီလ
18 ကလေးများ လိမ်တတ်အောင် သင်ပေးသူ အောင်
19 တုနှိုင်းမမီ(၄) ဦးကောဝိဒ(မြိတ်)
20 ဥပုသ်စောင့်ပုံ အစီအစဉ် အရှင်နာယကာလင်္ကာရ
21 သီလတန်ဖိုး (အပိုင်း - ၁) ကျော်မင်းဦး
List of Dhamma Notes related to Sila : 21 Dhamma Notes, DhammaWeb DataBase
   

Dhamma Web