| မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ) | Dhamma Web | ||
| www.dhammaweb.net | |||
|
Wednesday, 22nd May 2013 8:27pm. |
|||
|
(၁) အာရာမရောပဒါန- ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ်များကို လှူဒါန်းခြင်း။ (၂) ၀နရောပဒါန- အရိပ်ကောင်းတဲ့သစ်ပင် များကို စိုက်ပျိုးလှူဒါန်းခြင်း။ (၃) သေတုကာရကဒါန- တံတားခင်းပြီး လှူဒါန်းခြင်း။ (၄) ပပါဒါန- ရေအိုးစင်တည်၍ လှူဒါန်းခြင်း။ (၅) ဥပပါနဒါန- ရေတွင်းရေကန်တူး၍ လှူဒါန်းခြင်း။ (၆) ဥပဿယဒါန - ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ပြာသာဒ်၊ သိမ်၊ ဓမ္မာရုံ လှူဒါန်းခြင်း။ ဒီဒါန (၆) မျိုးအနက် တစ်မျိုးမျိုးကို လှူဒါန်းသူဟာ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်တရား တိုးပွားတယ်။ သေလွန်တဲ့အခါ နတ်ပြည်သို့ လားရောက်ရတယ်။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ မြတ်စွာဘုရားသီတင်းသုံးစဉ်အခါ ညဥ့်သန်းခေါင်ယံမှာ နတ်သားတစ်ပါး မေးလျောက်တယ်။ “အရှင်ဂေါတမ… အဘယ်သူတို့ဟာ နေ့ရောညဥ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွားကြပါသလဲ၊ အဘယ်သူတို့ဟာ သီလနှင့် ပြည့်စုံပါကုန်သလဲ၊ အဘယ်သူတို့ဟာ နတ်ပြည်သို့ သွားကြရကုန်ပါသလဲ” “ အို…နတ်သား၊ အကြင်သူတို့ဟာ သစ်သီးဥယျာဉ် ၊ ပန်း ဥယျာဉ်။ အရိပ်ကောင်းသစ်ပင်များကို စိုက်ပျိုးလှူဒါန်းကြတယ်၊ တံတားခင်းကြတယ်၊ ရေအိုးစင်တည်ခင်းကြတယ်၊ ရေတွင်း ရေကန်နှင့် ကျောင်း၊ သိမ်၊ ဓမ္မာရုံ နေရာကောင်းတို့ကို လှူဒါန်းကြတယ်၊ ထိုသူတို့မှာ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်တိုးပွားတယ်၊ ထိုသူတို့ဟာ တရားမှာ တည်ကုန်တယ်၊ အလေ့အထ စာရိတ္တသီလ နှင့် ပြည့်စုံကုန်တယ်၊ ထိုသူတို့ သေလွန်တဲ့အခါ နတ်ပြည်သို့လားရောက်ကြတယ်” ကုသိုလ်တွေအမျိုးမျိုးယူနိုင်ကြပါစေ..... ရိုသေလေးစားစွာဖြင့် အိအိအောင် (ထာဝရ ကုသိုလ်တိုးပွားစေတဲ့ ထာဝရဒါန (၆) မျိုး ) by Ei Ei Aung (အိအိအောင်) |
||||||||||
| ကုသိုလ် နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ | |||||||||||
Dhamma Web |