မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Friday, 26th May 2017 8:05am.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း ကာမာဝစရကုသိုလ်ပဉ္စမစိတ် အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
ကာမာဝစရကုသိုလ်ပဉ္စမစိတ်
Untitled Document

ဓမ္မ၀၀တ္ထာန၀ါရ (တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း)
(က) ဥဒ္ဒေသ၀ါရ (အကျဉ်းချုပ်ဟောကြားခြင်း)
ကာမာဝစရကုသိုလ်ပဉ္စမစိတ်
၁၅၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။
အကြင်အခါ၌ ဥပေက္ခာနှင့် တကွဖြစ်သော နှင့်ယှဉ်သော ကာမာဝစရ ကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ်စေ၊ ဖောဋ္ဌဗ္ဗာရုံကိုဖြစ် စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။
တရားအကျဉ်း
ထိုကာမာဝစရကုသိုလ်စိတ် ဖြစ်သော အခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏၊ ခံစားမှု {ဝေဒနာ} သည် ဖြစ်၏၊ မှတ်သားမှု {သညာ} သည် ဖြစ်၏၊ စေ့ဆော်မှု {စေတနာ} သည် ဖြစ်၏၊ သိမှု {စိတ်} သည် ဖြစ်၏၊ ကြံစည်မှု {၀ိတက်} သည် ဖြစ်၏၊ သုံးသပ်မှု {၀ိစာရ} သည် ဖြစ်၏၊ လျစ်လျူရှုမှု {ဥပေက္ခာ} သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} သည်ဖြစ်၏၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ သိမှု {မနိနြေ္ဒ} သည်ဖြစ်၏၊ အစိုးတရ လျစ်လျူရှုမှု {ဥပေက္ခိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} သည်ဖြစ်၏၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် ဖြစ်၏၊ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် ဖြစ်၏၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} သည်ဖြစ်၏၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် ဖြစ်၏၊ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} သည်ဖြစ်၏၊ မတုန်မလှုပ် ရဲရင့်မှု {၀ီရိယဗိုလ်} သည် ဖြစ်၏၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} သည်ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} သည် ဖြစ်၏၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု {ပညာဗိုလ်} သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု {ဟိရီဗိုလ်} သည်ဖြစ်၏။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} သည် ဖြစ်၏၊ မလိုချင်မှု {အလောဘ} သည် ဖြစ်၏၊ မဖျက်ဆီးမှု {အဒေါသ} သည် ဖြစ်၏၊ မတွေဝေမှု {အမောဟ} သည်ဖြစ်၏၊ မမက်မောမှု {အနဘိဇ္ဈာ} သည် ဖြစ်၏၊ စိတ်မပျက်စီးမှု {အဗျာပါဒ} သည် ဖြစ်၏၊ ကောင်းစွာသိမြင်မှု {သမ္မာဒိဋ္ဌိ} သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု {ဟိရီ} သည် ဖြစ်၏။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု {သြတ္တပ္ပ} သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု {ကာယပဿဒ္ဓိ} သည် ဖြစ်၏၊ စိတ်၏ငြိမ်းချမ်းမှု {စိတ္တပဿဒ္ဓိ} သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု {ကာယလဟုတာ} သည် ဖြစ်၏၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု {စိတ္တလဟုတာ} သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု {ကာယမုဒုတာ} သည် ဖြစ်၏၊ စိတ်၏ နူးညံ့မှု {စိတ္တမုဒုတာ} သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု {ကာယကမ္မည တာ} သည်ဖြစ်၏၊ စိတ်၏ ခံ့မှု {စိတ္တကမ္မညတာ} သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သား ရမှု) {ကာယပါဂုညတာ} သည် ဖြစ်၏၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {စိတ္တပါဂုညတာ} သည် ဖြစ်၏၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု {ကာယုဇုကတာ} သည် ဖြစ်၏၊ စိတ်၏ ဖြောင့်မတ်မှု {စိတ္တုဇုကတာ} သည် ဖြစ်၏၊ အောက်မေ့မှု {သတိ} သည် ဖြစ်၏၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအား ဖြင့် သိမှု {သမ္ပဇည} သည် ဖြစ်၏၊ ငြိမ်သက်မှု {သမထ} သည် ဖြစ်၏၊ အထူးထူး ရှုမြင်မှု {၀ိပဿနာ} သည် ဖြစ်၏၊ ချီးမြှောက်မှု {ပဂ္ဂါဟ} သည် ဖြစ်၏၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ,မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
------
ဖဿ၏ သဘော
၁၅၁။ ထိုကာမာဝစရကုသိုလ်စိတ် ဖြစ်သော အခါ၌ တွေ့ထိမှု {ဖဿ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်တွေ့ထိမှု၊ တွေ့ထိပုံ အခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိသည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု {ဖဿ} ဟူသည်ဤသဘောဖြစ်၏။
ဥပေက္ခာဝေဒနာ၏သဘော
၁၅၂။ ထိုအခါ၌ ခံစားမှု {ဝေဒနာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ ထိုခံစားမှု {ဝေဒနာ} အား လျောက်ပတ်သော အထူးသိမှု သဘော {မနောဝိညာဏဓာတ်} ၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်၊ မသာယာဖွယ်လည်းမဟုတ်သော အကြင်သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင် ခံစားခြင်းသဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှု ကြောင့်ဖြစ်သော ၊ ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင် ခံစားမှုသဘော သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု {ဝေဒနာ} ဟူသည် ဤသဘောဖြစ်၏။ပ။
ဥပေက္ခာ၏ သဘော
၁၅၃။ ထိုအခါ၌ လျစ်လျူရှုမှု {ဥပေက္ခာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်, မသာယာဖွယ်လည်း မဟုတ်သော အကြင် သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော , ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သောအကြင်ခံစားခြင်းသဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ၊ ဆင်းရဲလည်းမဟုတ်၊ ချမ်းသာလည်း မဟုတ်သော အကြင်ခံစားမှု သဘောသည် (ရှိ၏)။ ထိုအခါ၌ လျစ်လျူရှုမှု {ဥပေက္ခာ} ဟူသည် ဤသဘော ဖြစ်၏။ပ။
ဥပေက္ခိနြေ္ဒ၏ သဘော
၁၅၄။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု {ဥပေက္ခိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသော သာယာဖွယ်လည်း မဟုတ်, မသာယာဖွယ်လည်း မဟုတ်သောအကြင်သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်းမဟုတ်သော အကြင်ခံစားခြင်း သဘော၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော ဆင်းရဲလည်းမဟုတ်, ချမ်းသာလည်းမဟုတ်သော အကြင်ခံစားမှုသဘောသည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ လျစ်လျူရှုမှု {ဥပေက္ခိနြေ္ဒ} ဟူသည် ဤသဘောဖြစ်၏။ပ။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုကာမာဝစရကုသိုလ်စိတ်ဖြစ်သော အခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ,မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
နိဒ္ဒေသ၀ါရ ပြီးပြီ။
ဓမ္မ၀၀တ္တာန၀ါရ ပြီးပြီ။
------
ကောဋ္ဌာသ၀ါရ (စုပေါင်းဟောကြားခြင်း)
ကောဋ္ဌာသ၀ါရ (က) ဥဒ္ဒေသ
ထိုကာမာဝစရကုသိုလ်စိတ် ဖြစ်သော အခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏။ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏။ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန် ၏။ အာဟာရသုံးပါးတို့သည်ဖြစ်ကုန်၏။ ဣနြေ္ဒရှစ်ပါးတို့သည် ဖြစ်ကုန်၏။ အင်္ဂါလေးပါးရှိသော ဈာန် သည်ဖြစ်၏။ အင်္ဂါငါးပါးရှိသော မဂ်သည် ဖြစ်၏။ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ဟိတ်သုံးပါးတို့ သည်ဖြစ်ကုန်၏။ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏။ ဓမ္မဓာတ်တစ်ပါး သည်ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ,မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ် တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
နိဒ္ဒေသ၀ါရ (အကျယ်ဟောကြားခြင်း)
သင်္ခါရက္ခန္ဓာ
၁၅၅။ပ။ ထိုအခါ၌ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
တွေ့ထိမှု {ဖဿ} ၊ စေ့ဆော်မှု {စေတနာ} ၊ ကြံစည်မှု {၀ိတက်} ၊ သုံးသပ်မှု {၀ိစာရ} ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိ သည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} ၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ အစိုးတရအားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု {ပညိနြေ္ဒ} ၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ၊ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} ၊ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} ၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု {ဟိရီဗိုလ်}။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} ၊ မလိုချင်မှု {အလောဘ} ၊ မဖျက်ဆီးမှု {အဒေါသ} ၊ မတွေဝေမှု {အမောဟ} ၊ မမက်မောမှု {အနဘိဇ္ဈာ} ၊ စိတ်မပျက်စီးမှု {အဗျာပါဒ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ}။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု {ဟိရီ} ၊ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု {သြတ္တပ္ပ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု {ကာယပဿဒ္ဓိ} ၊ စိတ်၏ ငြိမ်းချမ်းမှု {စိတ္တပဿဒ္ဓိ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု {ကာယလဟုတာ} ၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု {စိတ္တလဟု တာ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု {ကာယမုဒုတာ} ၊ စိတ်၏နူးညံ့မှု {စိတ္တမုဒုတာ} ၊ စေတသိက် အပေါင်း (ကိုယ်) ၏ ခံ့မှု {ကာယကမ္မညတာ} ၊ စိတ်၏ ခံ့မှု {စိတ္တကမ္မညတာ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {ကာယပါဂုညတာ} ၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {စိတ္တပါဂုညတာ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု {ကာယုဇုကတာ} ၊ စိတ်၏ဖြောင့်မတ်မှု {စိတ္တုဇုကတာ} ၊ အောက်မေ့မှု {သတိ} ၊ ကောင်းစွာ (ခွဲခြားခြင်း) အပြားအားဖြင့် သိမှု {သမ္ပဇည} ၊ ငြိမ်သက်မှု {သမထ} ၊ အထူးထူး ရှုမြင်မှု {၀ိပဿနာ} ၊ ချီးမြှောက်မှု {ပဂ္ဂါဟ} ၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည်ရှိ၏။ ထို့ပြင်ထိုအခါ၌ ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ကို ချန်ထား၍၊ မှတ်သားမှုအစု {သညာက္ခန္ဓာ} ကို ချန်ထား၍၊ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} ကို ချန်ထား၍။ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။
(ကာမာဝစရကုသိုလ်) ပÍ္စမစိတ် ပြီးပြီ။