မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Saturday, 23rd September 2017 1:01pm.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း အရူပါဝစရကိရိယာစိတ် အာကဉ္စာညာယတနဈာန် အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
အရူပါဝစရကိရိယာစိတ် အာကဉ္စာညာယတနဈာန်
Untitled Document

အရူပါဝစရကိရိယာစိတ်

အာကဉ္စာညာယတနဈာန်
၅၈၁။ အဘယ်တရားတို့သည် အဗျာကတမည်ကုန်သနည်း။
အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏အကျိုး {၀ိပါက်} လည်း မဟုတ်၊ ပြုကာမျှ {ကိရိယာ} ဖြစ်သော ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေကြောင်းမျှဖြစ်သော အရူပါဝစရဈာန်ကို ပွါး၏၊ အလုံးစုံသော အခြင်းအရာ အားဖြင့်ဝိညာဏÍ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်၍ ၀ိညာဏ်၏ စိုးစဉ်းအနည်းငယ်မျှအ<ကင်းမရှိခြင်းဟူသော (တတိယာရုပ္ပဈာန်၏) တည်ရာ (အာရုံ) ၌ ဖြစ်သော အမှတ်သညာ {အာကိÍ္စညာယတန သညာ} နှင့် တကွဖြစ်သော ç ချမ်းသာမှု {သုခ} ကိုလည်း ပယ်ရှားခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ (စတုတ္ထဈာန်ကို ရရှိ၍) နေ၏၊ ထိုအခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် ဖြစ်၏။ပ။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။