မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Friday, 24th March 2017 8:47am.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း အဟိတ်ကိရိယာအဗျာကတစိတ်-ကိရိယာမနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်) အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
အဟိတ်ကိရိယာအဗျာကတစိတ်-ကိရိယာမနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)
Untitled Document အဟိတ်ကိရိယာအဗျာကတစိတ်-ကိရိယာမနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)
ကိရိယာမနောဓာတု (ပဉ္စဒွါရာဝဇ္ဇနစိတ်)
၁-တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း {ဓမ္မ၀၀တ္ထာန၀ါရ}
(က) အကျဉ်းချုပ်ဟောကြားခြင်း {ဥဒ္ဒေသ၀ါရ}
ကိရိယာမနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)
၅၆၆။ အဘယ်တရားတို့သည် အဗျာကတ မည်ကုန်သနည်း။
အကြင်အခါ၌ ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်။ (ကုသိုလ် အကုသိုလ်) ကံ၏အကျိုး {၀ိပါက်} လည်း မဟုတ်၊ ဥပေက္ခာနှင့် တကွဖြစ်သော , ရူပါရုံလျှင် အာရုံရှိသည်မူလည်းဖြစ်သော။ပ။ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသည်မူလည်း ဖြစ်သော , ပြုကာမျှ {ကိရိယာ} ဖြစ်သော မနောဓာတ် (ပÍ္စဒွါရာဝဇ္ဇန်းစိတ်) သည် (အာရုံငါးပါးတို့တွင်) တစ်ပါးပါးကို အာရုံပြု၍ ဖြစ်ဆဲဖြစ်၏၊ ထိုအခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏၊ ခံစားမှု {ဝေဒနာ} သည် ဖြစ်၏၊ မှတ်သားမှု {သညာ} သည် ဖြစ်၏၊ စေ့ဆော်မှု (နှိုးဆော်မှု) {စေတနာ} သည် ဖြစ်၏၊ သိမှု {စိတ်} သည် ဖြစ်၏၊ ကြံစည်မှု {၀ိတက်} သည်ဖြစ်၏၊ သုံးသပ်မှု {၀ိစာရ} သည် ဖြစ်၏၊ လျစ်လျူရှုမှု {ဥပေက္ခာ} သည် ဖြစ်၏၊ စိတ်၏တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} သည် ဖြစ်၏၊ အစိုးတရ သိမှု {မနိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရလျစ်လျူရှုမှု {ဥပေက္ခိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} သည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတ မည်ကုန်၏။ပ။
၂-စုပေါင်းဟောကြားခြင်း {ကောဋ္ဌာသ၀ါရ}
(က) ဥဒ္ဒေသ၀ါရ
ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣနြေ္ဒ သုံးပါးတို့သည်ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ မနောဓာတ် (ပÍ္စဒွါရာဝဇ္ဇန်းစိတ်) တစ်ပါးသည် ဖြစ်၏၊ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ, မနသိကာရဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် အဗျာကတမည်ကုန်၏။
(ခ) အကျယ်ဟောကြားခြင်း {နိဒ္ဒေသ၀ါရ} နှင့် (ဂ) ပဋိနိဒ္ဒေသ၀ါရ
သင်္ခါရက္ခန္ဓာ
၅၆၇။ပ။ ထိုအခါ၌ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
(ထိုအခါ၌) တွေ့ထိမှု {ဖဿ} ၊ စေ့ဆော်မှု (နှိုးဆော်မှု) {စေတနာ} ၊ ကြံစည်မှု {၀ိတက်} ၊ သုံးသပ်မှု {၀ိစာရ} ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} ၊ အစိုးတရ စောင့် ရှောက်မှု {ဇီဝိတိနြေ္ဒ} သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ကို ချန်ထား၍ မှတ်သား မှုအစု {သညာက္ခန္ဓာ} ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီး သောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (အဓိမောက္ခ,မနသိကာရဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ဟူသည့်ဤ သဘောဖြစ်၏။ပ။ ဤ တရားတို့သည် အဗျာကတမည်ကုန်၏။
ကိရိယာမနောဓာတ် (ပÍ္စဒွါရာဝဇ္ဇန်းစိတ်) ပြီးပြီ။