မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Friday, 24th March 2017 8:56am.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း ဒေါသမူ ဒုတိယစိတ် အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
ဒေါသမူ ဒုတိယစိတ်
Untitled Document

၁-တရားတို့ကို ပိုင်းခြား၍ဟောကြားခြင်း {ဓမ္မ၀၀တ္ထာန၀ါရ}
(က) အကျဉ်းချုပ်ဟောကြားခြင်း {ဥဒ္ဒေသ၀ါရ}

ဒေါသမူ ဒုတိယစိတ်
၄၂၁။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။
အကြင်အခါ၌ စိတ်မချမ်းသာမှု {ဒေါမနဿ} နှင့် တကွဖြစ်သော , အာရုံ၌ ထိပါးမှု {ပဋိဃ} (ဒေါသ) နှင့် ယှဉ်သော,ပြုပြင်မှု တိုက်တွန်းမှု {သင်္ခါရ} နှင့် တကွဖြစ်သော အကုသိုလ်စိတ်သည် ရူပါရုံ ကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် ဖြစ်၏။ပ။ ဤတရားတို့သည်အကုသိုလ် မည်ကုန်၏။