မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Thursday, 19th January 2017 8:38pm.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း လောဘမူ အဋ္ဌမစိတ် အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
လောဘမူ အဋ္ဌမစိတ်
Untitled Document

၁-တရားတို့ကို ပိုင်းခြား၍ဟောကြားခြင်း {ဓမ္မ၀၀တ္ထာန၀ါရ}
(က) အကျဉ်းချုပ်ဟောကြားခြင်း {ဥဒ္ဒေသ၀ါရ}

လောဘမူ အဋ္ဌမစိတ်
၄၁၂။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။
အကြင်အခါ၌ လျစ်လျူရှုမှု {ဥပေက္ခာ} နှင့် တကွ ဖြစ်သော ၊ အမြင်မှားမှု {မိစ္ဆာဒိဋ္ဌိ} နှင့် မယှဉ်သော၊ ပြုပြင်မှု တိုက်တွန်းမှု {သင်္ခါရ} နှင့် တကွ ဖြစ်သော အကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကို ဖြစ်စေ အကြင်အကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် ဖြစ်၏။ပ။ ဤတရားတို့သည် အကုသိုလ်မည် ကုန်၏။