မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Monday, 24th July 2017 7:46am.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း လောဘမူ စတုတ္ထစိတ် အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
လောဘမူ စတုတ္ထစိတ်
Untitled Document

(ခ) အကုသိုလ် အစုကို ဝေဖန်ခြင်း {{အကုသလ ပဒဘာဇနီ}}
၁-တရားတို့ကို ပိုင်းခြား၍ ဟောကြာခြင်း {ဓမ္မ၀၀တ္ထာန၀ါရ}
(က) အကျဉ်းချုပ်ဟောကြားခြင်း {ဥဒ္ဒေသ၀ါရ}

လောဘမူ စတုတ္ထစိတ်
၄၀၂။ အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။
အကြင်အခါ၌ စိတ်ချမ်းသာမှု {သောမနဿ} နှင့် တကွ ဖြစ်သော ၊ အမြင်မှားမှု {မိစ္ဆာဒိဋ္ဌိ} နှင့် မယှဉ်သော ပြုပြင်မှုတိုက်တွန်းမှု {သင်္ခါရ} နှင့် တကွဖြစ်သော အကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ။ပ။ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင် တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု၍ ဖြစ်ဆဲဖြစ်၏။ ထိုအခါ၌ တွေထိမှု {ဖဿ} သည်ဖြစ်၏။ပ။ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် ဖြစ်၏။ပ။ ဤတရားတို့သည် အကုသိုလ် မည်ကုန်၏။