မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Saturday, 24th June 2017 3:32am.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း လောကုတ္တရာကုသိုလ်စိတ် တတိယမဂ် အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
လောကုတ္တရာကုသိုလ်စိတ် တတိယမဂ်
Untitled Document တတိယမဂ်
၃၆၂။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။
အကြင်အခါ၌ ကာမဘုံ၌ တပ်မက်မှု {ကာမရာဂ} ဖျက်ဆီးမှု {ဗျာပါဒ} တို့ကို အ<ကင်းမဲ့ ပယ်ရှားခြင်းငှါလည်းကောင်း၊ တတိယဘုံ (အနာဂါမ်အဆင့်) သို့ ရောက်ခြင်းငှါလည်းကောင်း၊ ၀ဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော,သေခြင်း ပဋိသန္ဓေနေခြင်းတို့ကို ဖျက်ဆီးလျက် သွားတတ်သော လောကုတ္တရာဈာန်ကို ပွါး၏၊ ကာမတို့မှကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲငြိုငြင်သော အကျင့်၊ နုန့်နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်သို့ရောက်၍ (ပဌမဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏။ပ။ အောက်မဂ်နှစ်ပါးဖြင့် သိအပ်ပြီးသော တရားကိုပင် အစိုးတရ သိမှု {အညိနြေ္ဒ} သည် ဖြစ်၏။ပ။ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် ဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
တတိယမဂ် ပြီးပြီ။