မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Friday, 24th March 2017 8:58am.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း ရူပါဝစရကုသိုလ် တတိယဈာန်စိတ် အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
ရူပါဝစရကုသိုလ် တတိယဈာန်စိတ်
Untitled Document

အကျဉ်းချုပ် ဟောကြားခြင်း {ဥဒ္ဒေသ၀ါရ}
ရူပါဝစရကုသိုလ် တတိယဈာန်စိတ်
၁၆၃။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကိုပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ နှစ်သက်မှု {ပီတိ} ကို စက်ဆုပ်ခြင်း ကြောင့် လည်းကောင်း၊ လျစ်လျူရှုသည်ဖြစ်၍လည်းကောင်း၊ အောက်မေ့မှု {သတိ} နှင့် ပြည့်စုံသည်ဖြစ်၍ လည်းကောင်း၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု {သမ္ပဇည} နှင့် ပြည့်စုံသည် ဖြစ်၍ လည်းကောင်း နေ၏၊ ချမ်းသာမှု {သုခ} ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုတတိယဈာန်ရပုဂ္ဂိုလ်ကို ဘုရားအစ ရှိသော အရိယာတို့သည် {{လျစ်လျူရှုနိုင်ပါပေစွ၊ အောက်မေ့မှု {သတိ} ရှိပါပေစွ၊ ချမ်းသာစွာ နေလေ့ရှိပါပေစွ}} ဟုချီးကျူးတော်မူကြကုန်၏။ ပထ၀ီကသိုဏ်းလျှင် အာရုံရှိသော ထိုတတိယဈာန်သို့ ရောက်၍ (တတိယဈာန်ကို ရရှိ၍) နေ၏။
တရားအကျဉ်း
ထိုအခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏၊ ခံစားမှု {ဝေဒနာ} သည် ဖြစ်၏၊ မှတ်သားမှု {သညာ} သည် ဖြစ်၏၊ စေ့ဆော်မှု {စေတနာ} သည် ဖြစ်၏၊ သိမှု {စိတ်} သည် ဖြစ်၏၊ ချမ်းသာမှု {သုခ} သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရအောက်မေ့မှု {သတိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ သိမှု {မနိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု {သောမနဿိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} သည်ဖြစ်၏၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု {သမ္မာ ၀ါယာမ} သည်ဖြစ်၏။ (သမ္မာသတိ, သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု {ပဂ္ဂါဟ} သည် ဖြစ်၏၊ မပျံ့လွင့်မှု,{အ၀ိက္ခေပ} သည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။
စုပေါင်းဟောကြားခြင်း {ကောဋ္ဌာသ၀ါရ}
(က) ဥဒ္ဒေသ
ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣနြေ္ဒရှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အင်္ဂါနှစ်ပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက်ကြောင်း {မဂ်} သည့်ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
(ခ) အကျယ်ဟောကြားခြင်း {နိဒ္ဒေသ၀ါရ}
သင်္ခါရက္ခန္ဓာ
၁၆၄။ပ။ ထိုအခါ၌ ပြုပြင်မှုအစု{သင်္ခါရက္ခန္ဓာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
တွေ့ထိမှု {ဖဿ} ၊ စေ့ဆော်မှု {စေတနာ} ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ် {စိတ္တေဿကဂ္ဂတာ} ၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ အစိုးတရအောက်မေ့မှု {သတိနြေ္ဒ} ၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု {ပညိနြေ္ဒ} ၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ၊ ကောင်းစွာအားထုတ်မှု {သမ္မာဝါယာမ}။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု {ပဂ္ဂါဟ} ၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ကို ချန်ထား၍ မှတ်သားမှုအစု {သညာက္ခန္ဓာ} ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ,မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။
ရူပါဝစရကုသိုလ် တတိယဈာန်စိတ် ပြီးပြီ။


(၂) ဈာန်ငါးပါးဖြစ်ပုံကို ပြသော ပÍ္စကနည်း

ရူပါဝစရကုသိုလ် တတိယဈာန်စိတ်
၁၇၀။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု ]၀ိတက်} ç သုံးသပ်မှု ]၀ိစာရ}တို့၏ ချုပ်ငြိမ်းလွန် မြောက်ခြင်းကြောင့်။ပ။ ပထ၀ီကသိုဏ်းလျှင် အာရုံရှိသော တတိယဈာန်သို့ ရောက်၍ (တတိယဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု ]ဖဿ} သည် ဖြစ်၏၊ ခံစားမှု ]ဝေဒနာ} သည် ဖြစ်၏၊ မှတ်သားမှု ]သညာ} သည် ဖြစ်၏၊ စေ့ဆော်မှု ]စေတနာ} သည် ဖြစ်၏၊ သိမှု ]စိတ်} သည် ဖြစ်၏၊ နှစ်သက်မှု ]ပီတိ} သည် ဖြစ်၏၊ ချမ်းသာမှု ]သုခ} သည်ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် ]စိတ္တေဿကဂ္ဂတာ} သည်ဖြစ်၏၊ အစိုးတရ ယုံကြည်မှု ]သဒ္ဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု ]၀ီရိယိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု ]သတိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု ]သမာဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ]ပညိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ သိမှု ]မနိနြေ္ဒ} သည်ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု ]သောမနဿိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု ]ဇီဝိတိနြေ္ဒ} သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု ]သမ္မာဒိဋ္ဌိ} သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု ]သမ္မာဝါယာမ} သည် ဖြစ်၏။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု ]ပဂ္ဂါဟ} သည် ဖြစ်၏၊ မပျံ့လွင့်မှု ]အ၀ိက္ခေပ} သည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သောç အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒç အဓိမောက္ခç မနသိကာရçတတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။
စုပေါင်းဟောကြားခြင်း ]ကောဋ္ဌာသ၀ါရ}
(က) ဥဒ္ဒေသ
ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣနြေ္ဒရှစ်ပါးတို့သည်ဖြစ်ကုန်၏၊ အင်္ဂါသုံးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက်ကြောင်း]မဂ်} သည် ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည်ဖြစ်၏။ပ။ ဓမ္မာယတန တစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သောç အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒç အဓိမောက္ခç မနသိကာရç တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
(ခ) အကျယ်ဟောကြားခြင်း ]နိဒ္ဒေသ၀ါရ}
သင်္ခါရက္ခန္ဓာ
၁၇၁။ပ။ ထိုအခါ၌ ပြု ပြင်မှုအစု ]သင်္ခါရက္ခန္ဓာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
တွေ့ထိမှု ]ဖဿ} ၊ စေ့ဆော်မှု ]စေတနာ} ၊ နှစ်သက်မှု ]ပီတိ} ၊ စိတ်၏ တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ် ]စိတ္တေဿကဂ္ဂတာ} ၊ အစိုးတရ ယုံကြည်မှု ]သဒ္ဓိနြေ္ဒ} ၊ အစိုးတရ အားထုတ်မှု ]၀ီရိယိနြေ္ဒ} ၊ အစိုးတရ အောက်မေ့မှု ]သတိနြေ္ဒ} ၊ အစိုးတရ တည်ကြည်မှု ]သမာဓိနြေ္ဒ} ၊ အစိုးတရ (ခွဲခွဲခြား ခြား) အပြားအားဖြင့် သိမှု ]ပညိနြေ္ဒ} ၊ အစိုးတရ စောင့်ရှောက်မှု ]ဇီဝိတိနြေ္ဒ} ၊ ကောင်းစွာသိမြင်မှု ]သမ္မာဒိဋ္ဌိ} ၊ ကောင်းစွာ အားထုတ်မှု ]သမ္မာဝါယာမ}။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု ]ပဂ္ဂါဟ} ၊ မပျံ့လွင့်မှု ]အ၀ိက္ခေပ} သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု ]ဝေဒနာက္ခန္ဓာ} ကို ချန်ထား ၍ မှတ်သားမှုအစု ]သညာက္ခန္ဓာ} ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု ]၀ိညာဏက္ခန္ဓာ} ကိုချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သောç အကြောင်းကို စွဲ၍့ဖြစ်ကုန်သော (ဆန္ဒç အဓိမောက္ခç မနသိကာရç တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု ]သင်္ခါရက္ခန္ဓာ} ဟူသည် ဤသဘောဖြစ်၏။ပ။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။
ရူပါဝစရကုသိုလ် တတိယဈာန်စိတ် ပြီးပြီ။