မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Saturday, 25th February 2017 10:39pm.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း ကာမ၀စရကုသိုလ် ပဌမစိတ် အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
ကာမ၀စရကုသိုလ် ပဌမစိတ်
Untitled Document အဘိဓမ္မပိဋက
ဓမ္မသင်္ဂဏီပါဠိတော်
မြန်မာပြန်
၁-စိတ္တုပ္ပါဒကဏ္ဍ
စိတ်, စေတသိက်ပိုင်း
(က) ကုသလပဒဘာဇနီ (ကုသိုလ်တရားစုကို ဝေဖန်ခြင်း)
(ခ) ဓမ္မ၀၀တ္ထာန၀ါရ (တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း)
ဥဒ္ဒေသ၀ါရ (အကျဉ်းအားဖြင့် ဟောကြားခြင်း)
ကာမ၀စရကုသိုလ် ပဌမစိတ်
၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။
(အကြောင်းညီညွတ်သော) အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွ ဖြစ်သော ဉာဏ်နှင့်ယှဉ်သောကာမာဝစရကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ် စေ၊ ဖောဋ္ဌဗ္ဗာရုံကို ဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု ၍ဖြစ်ဆဲဖြစ်၏။
တရားအကျဉ်း
(အကြောင်းညီညွတ်သော) ထိုအခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏၊ ခံစားမှု {ဝေဒနာ} သည် ဖြစ်၏၊ မှတ်သားမှု {သညာ} သည် ဖြစ်၏၊ စေ့ဆော်မှု {စေတနာ} သည် ဖြစ်၏၊ သိမှု {စိတ်} သည် ဖြစ်၏၊ ကြံစည်မှု {၀ိတက်} သည် ဖြစ်၏၊ သုံးသပ်မှု {၀ိစာရ} သည် ဖြစ်၏၊ နှစ်သက်မှု {ပီတိ } သည် ဖြစ်၏၊ ချမ်းသာမှု {သုခ} သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ် {စိတ္တေဿကဂ္ဂတာ} သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ } သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ } သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ } သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ } သည် ဖြစ်၏၊ အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ } သည် ဖြစ်၏၊ အစိုးတရ သိမှု {မနိနြေ္ဒ } သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု {သောမနဿိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် ဖြစ်၏၊ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် ဖြစ်၏၊ ကောင်းစွာအောက်မေ့ မှု {သမ္မာသတိ} သည် ဖြစ်၏၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် ဖြစ်၏၊ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ် } သည် ဖြစ်၏၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} သည် ဖြစ်၏၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} သည်ဖြစ်၏၊ မတုန် မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်} သည် ဖြစ်၏၊ မတုန်မလှုပ် မကောင်းမှုမှ ရှက်မှု {ဟိရီဗိုလ်} သည် ဖြစ်၏၊ မတုန်မလှုပ် မကောင်းမှုမှ ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} သည် ဖြစ်၏၊ မလိုချင်မတပ်မက်မှု {အလောဘ} သည် ဖြစ်၏၊ မဖျက်ဆီးမှု မပျက်စီးစေလိုမှု {အဒေါသ} သည် ဖြစ်၏၊ အမှန်တရား၌ မတွေ ဝေမှု {အမောဟ} သည် ဖြစ်၏၊ သူတစ်ပါးဥစ္စာ၌ မမက်မောမှု {အနဘိဇ္ဈာ} သည်ဖြစ်၏၊ မပျက်စီး စေလိုမှု {အဗျာပါဒ} သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် ဖြစ်၏၊ မကောင်းမှုမှ ရှက်မှု {ဟိရီ} သည် ဖြစ်၏၊ မကောင်းမှုမှ ကြောက်လန့်မှု {သြတ္တပ္ပ} သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါး အပေါင်း) ၏ ငြိမ်းချမ်းမှု {ကာယပဿဒ္ဓိ} သည် ဖြစ်၏၊ စိတ်၏ ငြိမ်းချမ်းမှု {စိတ္တပဿဒ္ဓိ} သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ လျင်မြန်ပေါ့ပါးမှု {ကာယလဟုတာ} သည် ဖြစ်၏၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု {စိတ္တလဟုတာ} သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာသုံးပါးအပေါင်း) ၏ နူးညံ့မှု {ကာယ မုဒုတာ} သည် ဖြစ်၏၊ စိတ်၏နူးညံ့မှု {စိတ္တမုဒုတာ} သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ ခံ့ကျန်းမှု {ကာယကမ္မညတာ} သည် ဖြစ်၏၊ စိတ်၏ ခံ့ကျန်းမှု {စိတ္တကမ္မညတာ} သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ လေ့ကျင့်မှု {ကာယပါဂုညတာ} သည် ဖြစ်၏၊ စိတ်၏ လေ့ကျင့်မှု {စိတ္တပါဂုညတာ} သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ ဖြောင့်မတ်မှု {ကာယုဇုကတာ} သည် ဖြစ်၏၊ စိတ်၏ဖြောင့်မတ်မှု {စိတ္တုဇုကတာ} သည် ဖြစ်၏၊ အောက်မေ့မှု {သတိ} သည် ဖြစ်၏၊ ကောင်းစွာအပြားအားဖြင့် သိမှု {သမ္ပဇည} သည် ဖြစ်၏၊ ဆန့်ကျင်ဘက်တရားတို့ကို ငြိမ်းစေမှု {သမထ} သည်ဖြစ်၏၊ အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်မှု {၀ိပဿနာ} သည် ဖြစ်၏။ ချီးမြှောက်မှု {ပဂ္ဂါဟ} သည် ဖြစ်၏၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ,ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏၊ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
အကျဉ်းချုပ်ဟောကြားခြင်း {ဥဒ္ဒေသ၀ါရ} ပြီးပြီ။
------
ကာမာဝစရကုသလပဒဘာဇနီ
(ကာမာဝစရကုသိုလ်တရားစုကို ဝေဖန်ခြင်း)
ဖဿ၏ သဘော
၂။ (အကြောင်းညီညွတ်သော) ထိုအခါ၌ တွေ့ထိမှု {ဖဿ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။ (အကြောင်းညီညွတ်သော) ထိုအခါ၌ အကြင် တွေ့ထိခြင်းသဘော {ဖဿ}၊ တွေ့ထိပုံအခြင်းအရာ {ဖုသနာ}၊ ကောင်းစွာ တွေ့ထိပုံအခြင်းအရာ {သမ္ဖုသနာ}၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ် {သမ္ဖုသိတတ္တ} သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု {ဖဿ} ဟူသည် ဤသဘောဖြစ်၏။
ဝေဒနာ၏သဘော
၃။ ထိုအခါ၌ ခံစားမှု {ဝေဒနာ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ ထိုသာယာဖွယ် ချမ်းသာအား လျောက်ပတ်သော {တဇ္ဇာ} ၊ အထူးသိမှုသဘော {မနော ၀ိညာဏဓာတ်} ၏ကောင်းစွာ တွေ့ထိခြင်းကြောင့်ဖြစ်သော အကြင် စိတ်၌ မှီသော သာယာမှု {စေတသိကံ သာတံ} ၊ စိတ်၌ မှီသော ချမ်းသာမှု {စေတသိကံ သုခံ} ၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကိုခံစားမှု ချမ်းသာကို ခံစားမှု {စေတောသမ္ဖဿဇံ သာတံ သုခံ ဝေဒယိတံ} ၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု ချမ်းသာခံစားမှု {ဝေဒနာ} သည် ရှိ၏။ ထို အခါ၌ ခံစားမှု {ဝေဒနာ} ဟူသည် ဤသဘောဖြစ်၏။
သညာ၏ သဘော
၎။ ထိုအခါ၌ မှတ်သားမှု {သညာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ ထိုမှတ်သားမှု {သညာ} အား လျောက်ပတ်သော {တဇ္ဇာ} ၊ အထူးသိမှုသဘော {မနောဝိညာဏဓာတ်} ၏ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင် မှတ်သားမှု {သညာ} ၊ မှတ်သား ပုံအခြင်းအရာ {သÍ္ဇာနနာ} ၊ မှတ်သားတတ်သည်၏အဖြစ် {သÍ္ဇာနိတတ္တ} သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု {သညာ} ဟူသည် ဤသဘောဖြစ်၏။
စေတနာ၏ သဘော
၅။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) {စေတနာ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) {စေတနာ} အားလျောက် ပတ်သော {တဇ္ဇာ} ၊ အထူးသိမှုသဘော {မနောဝိညာဏဓာတ်} ၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော အကြင်စေ့ဆော်မှု (နှိုးဆော်မှု) {စေတနာ} ၊ ကောင်းစွာ စေ့ဆော်ပုံ (နှိုးဆော်ပုံ) အခြင်းအရာ {သေÍ္စတနာ} ၊ စေ့ဆော် (နှိုးဆော်) တတ်သည်၏အဖြစ် {စေတယိတတ္တ} သည် (ရှိ၏)။ ထိုအခါ၌ စေ့ဆော်မှု (နှိုးဆော်မှု) {စေတနာ} ဟူသည် ဤသဘောဖြစ်၏။
စိတ်၏ သဘော
၆။ ထိုအခါ၌ သိမှု {စိတ်} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်ဆန်းကြယ်သော သဘော {စိတ္တ}။ (အာရုံသို့ ညွတ်၍) သိတတ်သော သဘော {မန} ၊ သိခြင်းသဘော {မာနသ} ၊ စိတ်နှလုံး {ဟဒယ} ၊ ဖြူစင်သော သဘော {ပဏ္ဍရ} ၊ သိမူသဘော {မန} ၊ သိခြင်းဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရ သိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိတတ်သော စိတ်အစု {၀ိညာဏက္ခန္ဓ} ၊ ထိုစိတ်အား လျောက်ပတ်သော {တဇ္ဇာ} ၊ အထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထိုအခါ၌ သိမှု {စိတ်} ဟူသည် ဤသဘောဖြစ်၏။
(ဤကား ဖဿပÍ္စမက ရာသီဖြစ်သော ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ် ပေါင်း ၅-ပါး)။
ဝိတက်၏သဘော
၇။ (အကြောင်းညီညွတ်သော) ထိုအခါ၌ အကြင်ကြံစည်ခြင်း {၀ိတက်} ဟူသည် အဘယ်သဘော ဖြစ်သနည်း၊ ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော {တက္က}၊ အထူးကြံစည်ခြင်းသဘော {၀ိတက္က}၊ ကောင်းစွာ ကြံစည်ခြင်းသဘော {သင်္ကပ္ပ}၊ တည်ကြည်သော စိတ်ကိုအာရုံသို့ ရောက်စေခြင်းသဘော {အပ္ပနာ}၊ အထူးရောက်စေခြင်းသဘော {ဗျပ္ပနာ}၊ စိတ်ကို အာရုံသို့ ရှေးရှုတင်ပေးခြင်း သဘော {စေတသော အဘိနိရောပနာ}၊ ကုသိုလ်အဖြစ်သို့ ရောက်သော ချီးကျူးအပ်သော အကြံကို ကြံစည်ခြင်းသဘော {သမ္မာသင်္ကပ္ပ} သည် (ရှိ၏)။ ထိုအခါ၌ ကြံစည်မှု {၀ိတက်} ဟူသည်ဤ သဘောဖြစ်၏။
ဝိစာရ၏ သဘော
၈။ ထိုအခါ၌ သုံးသပ်မှု {၀ိစာရ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ (အာရုံကို ကောင်းစွာ သိကျွမ်းအောင်) အကြင် သုံးသပ်မှု {စာရ} ၊ အထူးသုံးသပ်မှု {၀ိစာရ} ၊ အဖန်ဖန်သုံးသပ်မှု {အနုဝိစာရ} ၊ ကပ်၍ သုံးသပ်မှု {ဥပ၀ိစာရ} ၊ စိတ်ကို (အာရုံနှင့်) အစဉ် မပြတ် ဆက်စပ်၍ထားမှု {စိတ္တဿ အနုသန္ဓနတာ}။ (စိတ်၏ အာရုံကို) အစဉ်မပြတ် ကြည့်ရှုနေသကဲ့သို့ ဖြစ်သော သဘော {အနုပေက္ခနတာ} သည် (ရှိ၏)။ ထိုအခါ၌ သုံးသပ်မှု {၀ိစာရ} ဟူသည် ဤသဘောဖြစ်၏။
ပီတိ၏ သဘော
၉။ ထိုအခါ၌ နှစ်သက်မှု {ပီတိ} ဟူသည် အဘယ်သဘော ဖြစ်သနည်း၊ ထိုအခါ၌ အကြင်နှစ်သက်မှု {ပီတိ}၊ ၀မ်းမြောက်မှု {ပါမောဇ္ဇ}၊ လွန်စွာ ၀မ်းသာမှု {အာမောဒနာ}၊ များစွာဝမ်းသာမှု {ပမောဒနာ}၊ ရွှင်လန်းမှု {ဟာသ}၊ များစွာ ရွှင်လန်းမှု {ပဟာသ}၊ နှစ်သိမ့်မှု {၀ိတ္တိ}၊ တက်<ကမှု {သြဒဂျ}၊ စိတ်၏ နှစ်လိုမှု {အတ္တမနတာ စိတ္တဿ} သည် (ရှိ၏)။ ထိုအခါ၌ နှစ်သက်မှု {ပီတိ} ဟူသည်ဤသဘောဖြစ်၏။
သုခ၏ သဘော
၁၀။ ထိုအခါ၌ ချမ်းသာမှု {သုခ} ဟူသည် အဘယ်သဘောဖြစ်သနည်း၊ ထိုအခါ၌ အကြင်စိတ်၌ မှီသော သာယာမှု {စေတသိကံ သာတံ}၊ စိတ်၌ မှီသော ချမ်းသာမှု {စေတသိကံ သုခံ}၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု (နှင့်) ချမ်းသာ ကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ် ခံစားမှု (နှင့်) ချမ်းသာ ခံစားမှု {ဝေဒနာ} သည် (ရှိ၏)။ ထိုအခါ၌ ချမ်းသာမှု {သုခ} ဟူသည် ဤသဘောဖြစ်၏။
စိတ္တေဿကဂ္ဂတာ၏ သဘော
၁၁။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် စိတ်၏ တည်မှု {စိတ္တဿဌိတိ} ၊ ကောင်းစွာ တည်မှု {သဏ္ဌိတိ} ၊ သက်ဝင်၍ တည်မှု {အ၀ဋ္ဌိတိ} ၊ မရွေ့ရှားမှု {အ၀ိသာဟာရ} ၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} ၊ မရွေ့ရှားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့ရှားမှု) {အ၀ိသာဟဋ မာနသတာ} ၊ ငြိမ်သက်မှု {သမထ} ၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ် {စိတ္တေဿ ကဂ္ဂတာ} ဟူသည် ဤသဘော ဖြစ်၏။။
(ဤကား ဈာနင်္ဂရာသီ၊ ဈာန်အင်္ဂါ အစိတ်အပိုင်း အစုံအလင် ဟောတော်မူပုံ)။
သဒ္ဓိနြေ္ဒ၏ သဘော
၁၂။ ထိုအခါ၌ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် ယုံကြည်မှု {သဒ္ဓါ} ၊ ယုံကြည်ပုံ အခြင်းအရာ {သဒ္ဒဟနာ} ၊ သက်ဝင်ပုံအခြင်းအရာ {သြကပ္ပနာ} ၊ အလွန် ကြည်လင်မှု {အဘိပ္ပသာဒ} ၊ ယုံကြည်မှု {သဒ္ဓါ} ၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ဟူသည် ဤသဘောဖြစ်၏။
ဝီရိယိနြေ္ဒ၏ သဘော
၁၃။ ထိုအခါ၌ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း၊ ထိုအခါ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု {၀ီရိယာရမ္ဘ}၊ ပျင်းရိခြင်းမှထွက်မြောက်မှု {နိက္ကမ}၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု {ပရက္ကမ}၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (မြင့်သည်ထက် မြင့်အောင် အထက်ရောက်အောင် ကြိုးပမ်းမှု) {ဥယျာမ}၊ လုံ့လစိုက်မှု {၀ါယာမ}၊ ဆင်းရဲကို သည်းခံမှု {ဥဿာဟ}၊ အပြင်းအထန် ကြိုးစားမှု {ဥေဿာဠှီ}၊ ခိုင်မြဲမှု {ထာမ}၊ ဆောင်ထားမှု {ဓိတိ}၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ် {အသိထိလ ပရက္ကမတာ}၊ မချအပ်သောအလိုဆန္ဒရှိသူ၏အဖြစ် {အနိက္ခိတ္တဆန္ဒတာ}၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ် {အနိက္ခိတ္တဓုရတာ}၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု {ဓုရသမ္ပဂ္ဂါဟ}၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ {အလုပ်} ဟူသော ရဲရင့်မှု {၀ီရိယ}၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ }၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်}၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ } ဟူသည် ဤသဘော ဖြစ်၏။
သတိနြေ္ဒ၏ သဘော
၁၄။ ထိုအခါ၌ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် အောက်မေ့မှု {သတိ} ၊ အစဉ် အောက်မေ့မှု {အနုဿတိ} ၊ တစ်ဖန်အောက်မေ့မှု {ပဋိဿတိ} ၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ {သရဏတာ} ၊ ဆောင်ပုံ အခြင်းအရာ {ဓာရဏတာ} ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု) {အပိလာပနတာ} ၊ မမေ့ လျော့မှု {အသမ္မုဿနတာ} ၊ {သတိ} ဟူသော အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ဟူသည် ဤသဘော ဖြစ်၏။
သမာဓိနြေ္ဒ၏ သဘော
၁၅။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက် ၀င်၍ တည်မှု၊ မရွေ့ရှားမှု၊ မပျံ့လွင့်မှု၊ မရွေ့ရှားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့ရှားမှု)၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ဟူသည် ဤ သဘောဖြစ်၏။
(ပဒအမှတ်၁၁-စိတ္တေဿကဂ္ဂတာကြည့်)
ပညိနြေ္ဒ၏ သဘော
၁၆။ ထိုအခါ၌ အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ အကြင် အပြားအားဖြင့် သိမှု {ပညာ} ၊ အပြားအားဖြင့် သိခြင်းသဘော {ပဇာနနာ}။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော {၀ိစယ} ၊ အပြားအားဖြင့် စိစစ်ခြင်း သဘော {ပ၀ိစယ}။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော {ဓမ္မ၀ိစယ}။ (အနိစ္စစသည်ကို) ကောင်းစွာမှတ်ခြင်းသဘော {သလ’က္ခဏာ} ၊ ကပ်၍ မှတ်ခြင်းသဘော {ဥပလက္ခဏာ} ၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော {ပစ္စုပလက္ခဏာ} ၊ အသိÓဏ်ရှိသူ၏အဖြစ် {ပဏ္ဍိစ္စ} ၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် {ကောသလ’} ၊ သိမ်မွေ့သူ၏အဖြစ် {နေပုည}။ (အနိစ္စစသည်ကို) ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏ အဖြစ် {ဝေဘဗျာ}။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော {စိန္တာ} ၊ နှိုင်းချိန်ခြင်းသဘော {ဥပပရိက္ခာ} ၊ မြေကြီးနှင့်တူသောသဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သဘော {ဘူရီ} ၊ ကိလေ သာတို့ကိုညှဉ်းဆဲနှိပ်စက်တတ်သော သဘော {မေဓာ} ၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော {ပရိဏာယိကာ} ၊ အထူးထူး ရှုမြင်တတ်သော သဘော {၀ိပဿနာ} ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော {သမ္ပဇည} (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသောသဘော {ပတောဒ} ၊ ပညာဟူသော အစိုးတရ အပြားအားဖြင့်သိမှု {ပညိနြေ္ဒ} ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက် {ပညာသတ္ထ}။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့် သိမှုပြာသာဒ် {ပညာပါသာဒ} ၊ အပြားအားဖြင့် သိမှုအလင်း {ပညာအာလောက} ၊ အပြားအားဖြင့်သိမှု အရောင် {ပညာသြဘာသ} ၊ အပြားအားဖြင့် သိမှုတန်ဆောင် {ပညာပဇ္ဇောတ}။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍နှစ်သက် ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှုရတနာ {ပညာရတနာ} ၊ မတွေဝေမှု {အမောဟ}။ (သစ္စာ လေးပါး) တရားတို့ကို စိစစ်ခြင်းသဘော {ဓမ္မ၀ိစယ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် (ရှိ၏)။ ထို အခါ၌ အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ဟူသည် ဤသဘောဖြစ်၏။
မနိနြေ္ဒ၏ သဘော
၁၇။ ထိုအခါ၌ အစိုးတရ သိမှု {မနိနြေ္ဒ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၊ အာရုံသို့ ညွတ်၍ သိတတ်သော သဘော၊ သိခြင်း သဘော၊ စိတ်နှလုံးဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရ သိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ်} ၊ အထူးသိတတ်သော စိတ်အစု {၀ိညာဏက္ခန္ဓ} ၊ ထိုစိတ်အားလျောက်ပတ်သော အထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု {မနိနြေ္ဒ} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒအမှတ် ၆- စိတ္တကြည့်)
သောမနဿိနြေ္ဒ၏ သဘော
၁၈။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု {သောမနဿိနြေ္ဒ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ အကြင်စိတ်၌ မှီသော သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကို ခံစားမှု, ချမ်းသာ ခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု {သောမနဿိနြေ္ဒ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ် ၃-ဝေဒနာကြည့်)
ဇီဝိတိနြေ္ဒ၏ သဘော
၁၉။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ ထိုနာမ်တရားတို့၏ အကြင် အသက် {တေသံ အရူပီနံ ဓမ္မာနံ အာယု} ၊ တည်ကြောင်း သဘော {ဌိတိ} ၊ ဖြစ်ခြင်းသဘော {ယပနာ} ၊ ဖြစ်စေခြင်းသဘော {ယာပနာ} ၊ ဖြစ်မှုသဘော {ဣရိယနာ} ၊ ဖြစ်ကြောင်းသဘော {၀တ္တနာ} ၊ စောင့်ရှောက်ခြင်းသဘော {ပါလနာ} ၊ အသက်ရှည်ကြောင်းသဘော {ဇီဝိတ} ၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} ဟူသည် ဤသဘော ဖြစ်၏။။
(ဤကား ဣန္ဒြိယရာသီ၊ ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ၀ီရိယ, သတိ, ဧကဂ္ဂတာ, ပညာ)။
သမ္မာဒိဋ္ဌိ၏ သဘော
၂၀။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှု ကပ်၍မှတ်ခြင်းသဘော၊ အသိÓဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်း သဘော၊ မြေကြီးနှင့်တူသော သဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့်တူသောသဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ}၊ မတုန်မလှုပ် အပြား အားဖြင့် သိမှု {ပညာဗိုလ်}။ (ကိလေသာတို့ကို ဖြတ်စေတတ်သော) အပြားအားဖြင့် သိမှုလက်နက် {ပညာ သတ္ထ}။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့် သိမှုပြာသာဒ် {ပညာပါသာဒ}၊ အပြားအားဖြင့် သိမှုအလင်း {ပညာအာလောက}၊ အပြားအားဖြင့် သိမှုအရောင် {ပညာသြဘာသ}၊ အပြားအားဖြင့် သိမှုတန်ဆောင် {ပညာပဇ္ဇောတ}။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကိုဖြစ်စေတတ်သော) အပြားအားဖြင့် သိမှု {ပညာရတနာ}၊ မတွေဝေမှု {အမောဟ}။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း သဘော {ဓမ္မ၀ိစယ}၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ } သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)
သမ္မာသင်္ကပ္ပ၏ သဘော
၂၁။ ထိုအခါ၌ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံ စည်ခြင်းသဘော၊ ကောင်းစွာကြံစည်ခြင်း သဘော၊ တည်ကြည်သောစိတ်ကို အာရုံသို့ ရောက်စေခြင်း သဘော၊ အထူးရောက်စေခြင်းသဘော၊ စိတ်ကို အာရုံသို့ ရှေးရှုတင်ပေးခြင်းသဘော၊ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} ဟူသည် ဤသဘော ဖြစ်၏။
(ပဒအမှတ် ၇- ၀ိတက္ကကြည့်)
သမ္မာဝါယာမ၏ သဘော
၂၂။ ထိုအခါ၌ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင်ကြိုးပမ်းမှု) လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလို ဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သောတာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} ဟူသည်ဤသဘောဖြစ်၏။
(ပဒအမှတ်၁၃-၀ီရိယိနြေ္ဒကြည့်)
သမ္မာသတိ၏ သဘော
၂၃။ ထိုအခါ၌ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ် အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့လျော့မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၄-သတိနြေ္ဒကြည့်)
သမ္မာသမာဓိ၏ သဘော
၂၄။ ထိုအခါ၌ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ်၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} ဟူသည် ဤသဘော ဖြစ်၏။
(ပဒအမှတ်၁၁- စိတ္တေဿကဂ္ဂတာကြည့်)
သဒ္ဓါဗိုလ်၏ သဘော
၂၅။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် ယုံကြည်မှု၊ ယုံကြည်ပုံ အခြင်းအရာ၊ သက်ဝင်ပုံ အခြင်းအရာ၊ အလွန် ကြည်လင်မှု၊ ယုံကြည်မှု {သဒ္ဓါ} ၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒအမှတ်၁၂-သဒ္ဓိနြေ္ဒကြည့်)
ဝီရိယဗိုလ်၏ သဘော
၂၆။ ထိုအခါ၌ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင်ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိ သူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၃-၀ီရိယနြေ္ဒကြည့်)
သတိဗိုလ်၏ သဘော
၂၇။ ထိုအခါ၌ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ် အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့လျော့မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒအမှတ်၁၄-သတိနြေ္ဒကြည့်)
သမာဓိဗိုလ်၏ သဘော
၂၈။ ဆိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၏ တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ်။ (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၅-သမာဓိနြေ္ဒကြည့်)
ပညာဗိုလ်၏ သဘော
၂၉။ ထိုအခါ၌ မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြား အားဖြင့် သိခြင်းသဘော၊ စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်း သဘော၊ အသိÓဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန် တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်၊ စဉ်းစားခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသော သဘောတစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူးရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော (လမ်းမှားသို့ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသောသဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကိလေသာ တို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက် {ပညာသတ္ထ}။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေ တတ်သော) အပြားအားဖြင့် သိမှုပြာသာဒ် {ပညာပါသာဒ} ၊ အပြားအားဖြင့် သိမှုအလင်း {ပညာ အာလော က} ၊ အပြားအားဖြင့် သိမှုအရောင် {ပညာသြဘာသ} ၊ အပြားအားဖြင့် သိမှုတန်ဆောင် {ပညာပဇ္ဇောတ}။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သောအပြားအားဖြင့် သိမှု {ပညာရတနာ} ၊ မတွေဝေမှု {အမောဟ}။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော {ဓမ္မ၀ိစယ} ၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်) {သမ္မာဒိဋ္ဌိ} သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်} ဟူသည် ဤ သဘောဖြစ်၏။ (ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)
ဟိရီဗိုလ်၏ သဘော
၃၀။ ထိုအခါ၌ မတုန်မလှုပ် ရှက်မှု {ဟိရီဗိုလ်} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်သဘောတရားသည် ရှက်ထိုက်သော ကာယဒုစရိုက်စသည်ကို ရှက်တတ်၏၊ ယုတ်မာသော အကုသိုလ်တရားများသို့ ရောက်ခြင်းကို ရှက်တတ်၏၊ ထိုအခါ၌ မတုန်မလှုပ် ရှက်မှု {ဟိရီဗိုလ်} ဟူသည် ဤသဘောဖြစ်၏။
သြတ္တပ္ပဗိုလ်၏ သဘော
၃၁။ ထိုအခါ၌ မတုန်မလှုပ် ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်သဘောတရားသည် ကြောက် လန့်ထိုက်သောကာယဒုစရိုက်စသည်မှ ကြောက်လန့်တတ်၏၊ ယုတ်မာသော အကုသိုလ် တရားများသို့ ရောက်ခြင်းမှကြောက်လန့်တတ်၏။ ထိုအခါ၌ မတုန်မလှုပ် ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} ဟူသည် ဤ သဘောဖြစ်၏။
(ဤကား ဗလရာသီ)
အလောဘ၏ သဘော
၃၂။ ထိုအခါ၌ မလိုချင်မှု {အလောဘ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်မလိုချင်ခြင်းသဘော {အလောဘ} ၊ မလိုချင်ပုံအခြင်းအရာ {အလုဗ္ဘနာ} ၊ မလိုချင်တတ်သူ၏အဖြစ် {အလုဗ္ဘိတတ္တ} ၊ မစွဲလမ်းခြင်း {အသာရာဂ} ၊ မစွဲလမ်းပုံအခြင်းအရာ {အသာရဇ္ဇနာ} ၊ မစွဲလမ်းတတ်သူ၏အဖြစ် {အသာရဇ္ဇိတတ္တ} ၊ မမက်မောမှု {အနဘိဇ္ဈာ} ၊ ကုသိုလ်တို့၏အခြေအမြစ်ဖြစ်သော မလိုချင်မှု {အလောဘကုသလမူလ} သည် (ရှိ၏)။ ထိုအခါ၌ မလိုချင်မှု {အလောဘ} ဟူသည် ဤသဘော ဖြစ်၏။။
အဒေါသ၏ သဘော
၃၃။ ထိုအခါ၌ မဖျက်ဆီးမှု {အဒေါသ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် မဖျက်ဆီးခြင်းသဘော {အဒေါသ} ၊ မဖျက်ဆီးပုံအခြင်းအရာ {အဒုဿနာ} ၊ မဖျက်ဆီးတတ်သူ၏အဖြစ် {အဒုဿိတတ္တ} ၊ စိတ်မပျက်ဆီးမှု {အဗျာပါဒ} ၊ စိတ်မပျက်စီးစေ လိုမှု {အဗျာပဇ္ဇ} ၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု {အဒေါသကုသလမူလ} သည် (ရှိ၏)။ ထိုအခါ၌ မဖျက်ဆီးမှု {အဒေါသ} ဟူသည် ဤသဘော ဖြစ်၏။။
အမောဟ၏ သဘော
၃၄။ ထိုအခါ၌ မတွေဝေမှု {အမောဟ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်း သဘော၊ အသိÓဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်။ (အနိစ္စစသည်ကို) ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့်တူသော သဘော တစ်နည်း -ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သောသဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သောသဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့်သိမှုလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့် သိမှုပြာသာဒ်၊ အပြားအားဖြင့် သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့် သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော အပြားအားဖြင့် သိမှု {ပညာရတနာ} ၊ မတွေဝေမှု {အမောဟ}။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း သဘော {ဓမ္မ၀ိစယ} ၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်) {သမ္မာဒိဋ္ဌိ} ၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မတွေဝေမှု {အမောဟကုသလမူလ} သည် (ရှိ၏)။ ထိုအခါ၌ မတွေဝေမှု {အမောဟ} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)
(ဤကား မူလရာသီ)
အနဘိဇ္ဈာ၏သဘော
၃၅။ ထိုအခါ၌ မမက်မောမှု {အနဘိဇ္ဈာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် မလိုချင်ခြင်းသဘော {အလောဘ} ၊ မလိုချင်ပုံအခြင်းအရာ {အလုဗ္ဘနာ} ၊ မလိုချင်တတ်သူ၏အဖြစ် {အလုဗ္ဘိတတ္တ} ၊ မစွဲလမ်းခြင်းသဘော၊ မစွဲလမ်းပုံအခြင်းအရာ၊ မစွဲလမ်းတတ်သူ၏ အဖြစ်၊ မမက်မောမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မလိုချင်မှု {အလောဘ} သည် (ရှိ၏)။ ထိုအခါ၌ မမက်မောမှု {အနဘိဇ္ဈာ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ် ၃၂-အလောဘကြည့်)
အဗျာပါဒ၏သဘော
၃၆။ ထိုအခါ၌ မဖျက်ဆီးမှု {အဗျာပါဒ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် မဖျက်ဆီးခြင်းသဘော၊ မဖျက်ဆီးပုံ အခြင်းအရာ၊ မဖျက်ဆီး တတ်သူ၏အဖြစ်၊ စိတ်မပျက်ဆီးမှု၊ စိတ်မပျက်စီးစေလိုမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု {အဒေါသကုသလမူလ} သည် (ရှိ၏)။ ထိုအခါ၌ မဖျက်ဆီးမှု {အဗျာပါဒ} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒအမှတ် ၃၃-အဒေါသကြည့်)
သမ္မာဒိဋ္ဌိ၏ သဘော
၃၇။ ထိုအခါ၌ ကောင်းစွာသိမြင်မှု {သမ္မာဒိဋ္ဌိ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိပုံအခြင်းအရာ။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍မှတ်ခြင်းသဘော၊ အသိÓဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့ သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသောသဘော တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းပမ်းနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင် တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့်သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေ သော စိတ်ကို လမ်းမှန်သို့ ရောက်ရန်ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့်သိမှု {ပညိနြေ္ဒ} ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာ ဗိုလ်}။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့်သိမှုပြာသာဒ်၊ အပြားအားဖြင့် သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့်သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှု {ပညာရတနာ} ၊ မတွေဝေမှု {အမောဟ} ၊ သစ္စာလေးပါး တရားတို့ကို စိစစ်ခြင်း သဘော {ဓမ္မ၀ိစယ} ၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်) {သမ္မာဒိဋ္ဌိ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)
ဟိရီ၏ သဘော
၃၈။ ထိုအခါ၌ {ဟိရီ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်သဘောတရားသည် ရှက်ထိုက်သော ကာယဒုစရိုက်စသည်ကို ရှက်တတ်၏၊ ယုတ်မာသောအကုသိုလ်တရားများသို့ ရောက်ခြင်းကို ရှက်တတ်၏။ ထိုအခါ၌ ရှက်မှု {ဟိရီ} ဟူသည် ဤသဘော ဖြစ်၏။
သြတ္တပ္ပ၏ သဘော
၃၉။ ထိုအခါ၌ ကြောက်လန့်မှု {သြတ္တပ္ပ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် သဘောတရားသည် ကြောက်လန့်ထိုက်သော ကာယ ဒုစရိုက် စသည်မှကြောက်လန့်တတ်၏၊ ယုတ်မာကုန်သော အကုသိုလ်တရားများသို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။ ထိုအခါ၌ ကြောက်လန့်မှု {သြတ္တပ္ပ} ဟူသည် ဤသဘောဖြစ်၏။
(ဤကား လောကပါလ ဒုကတည်း)။
ကာယပဿဒ္ဓိ၏ သဘော
၄၀။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု့{ကာယပဿဒ္ဓိ} ဟူ သည်အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်း ကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် ငြိမ်းချမ်းမှု {ပဿဒ္ဓိ} ၊ ငြိမ်း အေးမှု {ပဋိပဿဒ္ဓိ} ၊ ငြိမ်းချမ်းခြင်း {ပဿမ္ဘနာ} ၊ ငြိမ်းအေးခြင်း {ပဋိပဿမ္ဘနာ} ၊ ငြိမ်းအေးသော (ခန္ဓာ၃-ပါး၏) အဖြစ် {ပဋိပဿမ္ဘိတတ္တ} သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု {ကာယပဿဒ္ဓိ} ဟူသည် ဤသဘော ဖြစ်၏။။
စိတ္တပဿဒ္ဓိ၏ သဘော
၄၁။ ထိုအခါ၌ စိတ်၏ငြိမ်းချမ်းမှု {စိတ္တပဿဒ္ဓိ} ဟူသည် အဘယ်သဘောဖြစ်သနည်း။ ထိုအခါ၌ ၀ိညာဏက္ခန္ဓာ၏ အကြင် ငြိမ်းချမ်းမှု {ပဿဒ္ဓိ}၊ ငြိမ်းအေးမှု {ပဋိပဿဒ္ဓိ}၊ ငြိမ်းချမ်းခြင်း {ပဿမ္ဘနာ}၊ ငြိမ်းအေးခြင်း {ပဋိပဿမ္ဘနာ}၊ ငြိမ်းအေးသော {၀ိညာ ဏက္ခန္ဓာ} ၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ ငြိမ်းချမ်းမှု {စိတ္တပဿဒ္ဓိ} ဟူသည် ဤသဘော ဖြစ်၏။။
ကာယလဟုတာ၏ သဘော
၄၂။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု {ကာယလဟုတာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏ လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် လျင်မြန်ပေါ့ပါးမှု {လဟုတာ} ၊ ပေါ့ပါးသော အပြန်ရှိသည်၏ (လျင်မြန်သည်၏) အဖြစ် {လဟုပရိဏာမတာ} ၊ မနုန့်နှေးသည်၏ အဖြစ် {အဒန္ဓနတာ} ၊ မတင်းမာသည်၏အဖြစ် {အ၀ိတ္ထနတာ} သည် (ရှိ၏)။ ထိုအခါ စေတသိက်အပေါင်း (ကိုယ်) ၏လျင်မြန်ပေါ့ပါးမှု {ကာယလဟုတာ} ဟူသည် ဤသဘောဖြစ်၏။
စိတ္တလဟုတာ၏ သဘော
၄၃။ ထိုအခါ၌ စိတ်၏ လျင်မြန်ပေါ့ပါးမှု {စိတ္တလဟုတာ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ ၀ိညာဏက္ခန္ဓာ၏ အကြင် လျင်မြန် ပေါ့ပါးမှု {လဟုတာ} ၊ ပေါ့ပါးသောအပြန်ရှိသည်၏ (လျင်မြန်သည်၏) အဖြစ် {လဟုပရိဏာမတာ} ၊ မနုန့် နှေးသည်၏အဖြစ် {အဒန္ဓနတာ} ၊ မတင်းမာသည်၏အဖြစ် {အ၀ိတ္ထနတာ} သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ လျင်မြန် ပေါ့ပါးမှု {စိတ္တလဟုတာ} ဟူသည် ဤသဘောဖြစ်၏။
ကာယမုဒုတာ၏ သဘော
၄၄။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု {ကာယမုဒုတာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏ လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် နူးညံ့သည်၏အဖြစ် {မုဒုတာ} ၊ ပြေပြစ်သည်၏အဖြစ် {မဒ္ဒ၀တာ} ၊ မခက်ထန်သည်၏အဖြစ် {အကက္ခဠတာ} ၊ မကြမ်းတမ်း သည်၏အဖြစ် {အကထိနတာ} သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု {ကာယ မုဒုတာ} ဟူသည်ဤသဘော ဖြစ်၏။။
စိတ္တမုဒုတာ၏သဘော
၄၅။ ထိုအခါ၌ စိတ်၏နူးညံ့မှု {စိတ္တမုဒုတာ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ ၀ိညာဏက္ခန္ဓာ၏ အကြင် နူးညံ့သည်၏ အဖြစ် {မုဒုတာ} ၊ ပြေပြစ်သည်၏အဖြစ် {မဒ္ဒ၀တာ} ၊ မခက်ထန်သည်၏အဖြစ် {အကက္ခဠတာ} ၊ မကြမ်းတမ်း သည်၏အဖြစ် {အကထိနတာ} သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏နူးညံ့မှု {စိတ္ထမုဒုတာ} ဟူသည် ဤသဘော ဖြစ်၏။။
ကာယကမ္မညတာ၏ သဘော
၄၆။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု (ကောင်းသောအလုပ်၌ ပြီးမြောက်သည်အထိ ပါဝင်ဆောင်စွမ်းနိုင်သော သဘော) {ကာယကမ္မညတာ} ဟူသည်အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် ကောင်းသောအလုပ်၌ ခံ့မှု {ကမ္မညတာ} ၊ ကောင်းသော အလုပ်၌ ခံ့ကြောင်းသဘော {ကမ္မညတ္တ} ၊ ကောင်းသော အလုပ်၌ ခံ့သည်၏အဖြစ် {ကမ္မညဘာဝ} သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု {ကာယကမ္မညတာ} ဟူသည် ဤသဘော ဖြစ်၏။
စိတ္တကမ္မညတာ၏ သဘော
၄၇။ ထိုအခါ၌ စိတ်၏ ခံ့မှု (ကောင်းသော အလုပ်၌ ပြီးမြောက်သည်အထိပါဝင်ဆောင် စွမ်းနိုင်သောသဘော) {စိတ္တကမ္မညတာ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ ၀ိညာဏက္ခန္ဓာ၏ အကြင် ကောင်းသော အလုပ်၌ ခံ့မှု {ကမ္မညတာ} ၊ ကောင်းသောအလုပ်၌ ခံ့ကြောင်းသဘော {ကမ္မညတ္တ} ၊ ကောင်းသောအလုပ်၌ ခံ့သည်၏အဖြစ် {ကမ္မညဘာဝ} သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ အလုပ်၌ ခံ့မှု {စိတ္တကမ္မညတာ} ဟူသည် ဤသဘောဖြစ်၏။
ကာယပါဂုညတာ၏ သဘော
၄၈။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {ကာယပါဂုညတာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏ လည်းကောင်းအကြင်အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {ပဂုဏတာ} ၊ လေ့ကျင့်ကြောင်း (ကျင့်သားရကြောင်း) သဘော {ပဂုဏတ္တ} ၊ လေ့ကျင့်သည် (ကျင့်သားရသည်) ၏အဖြစ် {ပဂုဏဘာဝ} သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {ကာယပါဂုညတာ} ဟူသည် ဤသဘော ဖြစ်၏။။
စိတ္တပါဂုညတာ၏ သဘော
၄၉။ ထိုအခါ၌ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {စိတ္တပါဂုညတာ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ ၀ိညာဏက္ခန္ဓာ၏ အကြင် လေ့ကျင့်မှု (ကျင့်သားရမှု) {ပဂုဏတာ} ၊ လေ့ကျင့်ကြောင်း (ကျင့်သားရကြောင်း) သဘော {ပဂုဏတ္တ} ၊ လေ့ကျင့်သည် (ကျင့်သားရသည်) ၏အဖြစ် {ပဂုဏဘာဝ} သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {စိတ္တပါဂုညတာ} ဟူသည် ဤသဘော ဖြစ်၏။။
ကာယုဇုကတာ၏ သဘော
၅၀။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု {ကာယုဇုကတာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ ဝေဒနာက္ခန္ဓာ၏လည်းကောင်း၊ သညာက္ခန္ဓာ၏လည်းကောင်း၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း အကြင် ဖြောင့်မတ်မှု {ဥဇုတာ} ၊ ဖြောင့်မတ်သော အခြင်းအရာအားဖြင့် ဖြစ်သည်၏အဖြစ် {ဥဇုကတာ} ၊ မကောက်သည်၏အဖြစ် {အဇိမှတာ} ၊ မကွေးသည်၏အဖြစ် {အ၀င်္ကတာ} ၊ မကိုင်းသည်၏အဖြစ် {အကုဋိလ တာ} သည် (ရှိ၏)။ ထိုအခါ၌ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု {ကာယုဇုကတာ} ဟူသည် ဤသဘော ဖြစ်၏။။
စိတ္တုဇုကတာ၏ သဘော
၅၁။ ထိုအခါ၌ စိတ်၏ဖြောင့်မတ်မှု {စိတ္တုဇုကတာ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ ၀ိညာဏက္ခန္ဓာ၏ အကြင်ဖြောင့်မတ်မှု {ဥဇုတာ} ၊ ဖြောင့်မတ်သောအခြင်းအရာအားဖြင့် ဖြစ်သည်၏အဖြစ် {ဥဇုကတာ} ၊ မကောက်သည်၏အဖြစ် {အဇိမှ တာ} ၊ မကွေးသည်၏အဖြစ် {အ၀င်္ကတာ} ၊ မကိုင်းသည်၏အဖြစ် {အကုဋိလတာ} သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ဖြောင့်မတ်မှု {စိတ္တုဇုကတာ} ဟူသည် ဤသဘောဖြစ်၏။
(ဤကား ပဿဒ္ဓါဒိယုဂလ)။
သတိ၏ သဘော
၅၂။ ထိုအခါ၌ အောက်မေ့မှု {သတိ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသောအောက်မေ့ပုံအခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ပျောက်မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} သည် (ရှိ၏)။ ထိုအခါ၌ အောက်မေ့မှု {သတိ} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒအမှတ်၁၄-သတိနြေ္ဒကြည့်)
သမ္ပဇည၏ သဘော
၅၃။ ထိုအခါ၌ ကောင်းစွာ အပြားအားဖြင့်သိမှု {သမ္ပဇည} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် အပြားအားဖြင့် သိမှု၊ အပြားအားဖြင့်သိခြင်းသဘော၊ စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍မှတ်ခြင်းသဘော၊ အသိÓဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏ အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူးရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့်တူသောသဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ မတုန်မလှုပ် အပြားအားဖြင့်သိမှု {ပညာဗိုလ်}။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက် စေတတ်သော) အပြားအားဖြင့် သိမှု ပြာသာဒ်၊ အပြားအားဖြင့်သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့် သိမှု တန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု {အမောဟ}။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော {ဓမ္မ၀ိစယ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အပြားအားဖြင့် သိမှု {သမ္ပဇည} ဟူသည် ဤသဘော ဖြစ်၏။။
(ဤကား ဥပကာရဒုက)။
(ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)
သမထ၏ သဘော
၅၄။ ထိုအခါ၌ ငြိမ်သက်မှု {သမထ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် စိတ်၏တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ စိတ်မရွေ့လျားမှု၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ ငြိမ်သက်မှု {သမထ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၁- စိတ္တေဿကဂ္ဂတာကြည့်)
ဝိပဿနာ၏ သဘော
၅၅။ ထိုအခါ၌ အထူးထူး ရှုမြင်မှု {၀ိပဿနာ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ မှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိÓဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန် တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သောသဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရအပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကိလေသာတို့ကိုဖြတ်တတ်သော) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့် သိမှုပြာသာဒ်၊ အပြားအားဖြင့် သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့်သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ, ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှုပညာရတနာ၊ မတွေဝေမှု {အမောဟ}။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော {ဓမ္မ၀ိစယ} ၊ ကောင်းစွာသိမြင်မှု {သမ္မာဒိဋ္ဌိ} သည် (ရှိ၏)။ ထိုအခါ၌ အထူးထူး ရှုမြင်မှု {၀ိပဿနာ} ဟူသည် ဤသဘော ဖြစ်၏။
(ဤကား ယုဂနန္ဓဒုက)။
(ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)
ပဂ္ဂါဟ၏ သဘော
၅၆။ ထိုအခါ၌ ချီးမြှောက်မှု {ပဂ္ဂါဟ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့်တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ကြိုးပမ်းမှု (အထက်တန်းသို့ ရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သောအားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ် သော တာဝန်ရှိသူ၏ အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် (ရှိ၏)။ ထိုအခါ၌ ချီးမြှောက်မှု {ပဂ္ဂါဟ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၃-၀ီရိယိနြေ္ဒကြည့်)
အ၀ိက္ခေပ၏သဘော
၅၇။ ထိုအခါ၌ မပျံ့လွင့်မှု {အ၀ိက္ခေပ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ စိတ်၏ အကြင် တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ စိတ်မရွေ့လျားမှု၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ မပျံ့လွင့်မှု {အ၀ိက္ခေပ} ဟူသည် ဤသဘောဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ,ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ (ဤကား ပိဋ္ဌိဒုကတည်း)။
တရားအစုကို ဝေဖန်ခြင်း {ပဒဘာဇနီ} ပြီးပြီ။
ပဌမဘာဏ၀ါရ ပြီးပြီ။
------
ကောဋ္ဌာသ၀ါရ (စုပေါင်းဟောကြားခြင်း)
(က) ဥဒ္ဒေသ၀ါရ (အကျဉ်းချုပ်ဟောကြားခြင်း)
ကာမာဝစရကုသိုလ် ပဌမစိတ်
၅၈။ ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတန နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရ သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣနြေ္ဒရှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အင်္ဂါငါးပါးရှိသော (ကိလေသာကို လောင် ကျွမ်းစေတတ်သော ကပ်၍ရှုတတ်သော) ဈာန်သည် ဖြစ်၏၊ အင်္ဂါငါးပါးရှိသော မဂ်သည် ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏၊ ဝေဒနာ တစ်ပါးသည် ဖြစ်၏၊ သညာတစ်ပါးသည် ဖြစ်၏၊ စေတနာတစ်ပါးသည် ဖြစ်၏၊ စိတ်တစ်ပါးသည် ဖြစ်၏၊ ဝေဒနာက္ခန္ဓာတစ်ပါးသည် ဖြစ်၏။ သညာက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ သင်္ခါရက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ ၀ိညာဏက္ခန္ဓာတစ်ပါးသည် ဖြစ်၏၊ မနာယတနတစ်ပါးသည် ဖြစ်၏၊ မနိနြေ္ဒတစ်ပါးသည် ဖြစ်၏၊ မနောဝိညာဏဓာတ်တစ်ပါးသည် ဖြစ်၏။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။ ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ,သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏၊ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
ဥဒ္ဒေသ၀ါရ ပြီးပြီ။
------
(ခ) နိဒ္ဒေသ (အကျယ်ပြခြင်း) နှင့် ပဋိနိဒ္ဒေသ၀ါရ (ထပ်၍ အကျယ်ပြခြင်း)
ခန္ဓနိဒ္ဒေသ (ခန္ဓာကိုအကျယ်ပြခြင်း)
၅၉။ ထိုအခါ၌ ခန္ဓာလေးပါးတို့ဟူသည် အဘယ်တို့နည်း။ ဝေဒနာက္ခန္ဓာလည်းကောင်း၊ သညာက္ခန္ဓာလည်းကောင်း၊ သင်္ခါရက္ခန္ဓာလည်းကောင်း၊ ၀ိညာဏက္ခန္ဓာလည်းကောင်း ဤသည်တို့တည်း။
ခန္ဓပဋိနိဒ္ဒေသ (ခန္ဓာကို ထပ်၍ အကျယ်ပြခြင်း)
ဝေဒနာက္ခန္ဓာ
၆၀။ ထိုအခါ၌ ဝေဒနာက္ခန္ဓာဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသော အကြင်သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှု ကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာ ခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ ဝေဒနာက္ခန္ဓာဟူသည် ဤသဘော ဖြစ်၏။။
(ပဒ အမှတ် ၃-ဝေဒနာကြည့်)
သညာက္ခန္ဓာ
၆၁။ ထိုအခါ၌ သညာက္ခန္ဓာဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်မှတ်သားမှု၊ မှတ်သားပုံအခြင်းအရာ၊ မှတ်သားတတ်သည်၏ အဖြစ် သည် (ရှိ၏)။ ထိုအခါ၌ သညာက္ခန္ဓာဟူသည် ဤသဘော ဖြစ်၏။။
(ပဒ အမှတ် ၄-သညာကြည့်)
သင်္ခါရက္ခန္ဓာ
၆၂။ ထိုအခါ၌ သင်္ခါရက္ခန္ဓာဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်တွေ့ထိမှု {ဖဿ} ၊ စေ့ဆော်မှု {စေတနာ} ၊ ကြံစည်မှု {၀ိတက်} ၊ သုံးသပ်မှု {၀ိစာရ} ၊ နှစ်သက်မှု {ပီတိ} ၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} ၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ အစိုးတရ စောင့် ရှောက်မှု {ဇီဝိတိနြေ္ဒ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ၊ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာ သမာဓိ} ၊ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} ၊ မတုန်မလှုပ် အားတုတ်မှု {၀ီရိယဗိုလ်} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်} ၊ မတုန်မလှုပ် (ကာယဒုစရိုက်စသည်တို့မှ) ရှက်မှု {ဟိရီဗိုလ်} ၊ မတုန်မလှုပ် (ကာယဒုစရိုက် စသည်တို့မှ) ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} ၊ မလိုချင်မှု {အလောဘ} ၊ မဖျက်ဆီးမှု {အဒေါသ} ၊ မတွေဝေ မှု {အမောဟ} ၊ မမက်မောမှု {အနဘိဇ္ဈာ} ၊ စိတ်မပျက်စီးမှု {အဗျာပါဒ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ}။ (ကာယဒုစရိုက်စသည်တို့မှ) ရှက်မှု {ဟိရီ}။ (ကာယဒုစရိုက်စသည်တို့မှ) ကြောက်လန့်မှု {သြတ္တပ္ပ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု {ကာယပဿဒ္ဓိ} ၊ စိတ်၏ ငြိမ်းချမ်းမှု {စိတ္တပဿဒ္ဓိ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန် ပေါ့ပါးမှု {ကာယလဟုတာ} ၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု {စိတ္တလဟုတာ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ နူးညံ့မှု {ကာယမုဒုတာ} ၊ စိတ်၏ နူးညံ့မှု {စိတ္တမုဒုတာ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု {ကာယကမ္မညတာ} ၊ စိတ်၏ခံ့မှု {စိတ္တကမ္မညတာ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {ကာယပါဂုညတာ} ၊ စိတ်၏ အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {စိတ္တပါဂုညတာ} ၊ ကိုယ်၏ ဖြောင့်မတ်မှု {ကာယုဇုကတာ} ၊ စိတ်၏ ဖြောင့်မတ်မှု {စိတ္တုဇုကတာ} ၊ အောက်မေ့မှု {သတိ} ၊ ကောင်းစွာ အပြားအားဖြင့် သိမှု {သမ္ပဇည} ၊ ငြိမ်သက်မှု {သမထ} ၊ အထူးထူး ရှုမြင်မှု {၀ိပဿနာ} ၊ ချီးမြှောက်မှု {ပဂ္ဂါဟ} ၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ဝေဒနာက္ခန္ဓာ ကို ချန်ထား၍ သညာက္ခန္ဓာကို ချန်ထား၍ ၀ိညာဏက္ခန္ဓာကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသည်တို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ,အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ,သမ္မာအာဇီဝဟူသော) အကြင် နာမ် တရားတို့သည်ရှိကုန်၏။ ထိုအခါ ၌ သင်္ခါရက္ခန္ဓာဟူသည် ဤသဘောဖြစ်၏။
ဝိညာဏက္ခန္ဓာ
၆၃။ ထိုအခါ၌ ၀ိညာဏက္ခန္ဓာဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သောသဘော၊ သိတတ်သော သဘော၊ သိမှုဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရ သိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိမှုအစု {၀ိညာဏက္ခန္ဓာ} ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)၊ ထိုအခါ၌ {၀ိညာဏက္ခန္ဓာ} ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤခန္ဓာ လေးပါးတို့သည် ဖြစ်ကုန်၏။
အာယတနနိဒ္ဒေသ (အာယတနကို အကျယ်ပြခြင်း)
၆၄။ ထိုအခါ၌ ဖြစ်ရာဌာန {အာယတန} နှစ်ပါးတို့ဟူသည် အဘယ်တို့နည်း။
မနောယတန, ဓမ္မာယတန ဤသည်တို့တည်း။
အာယတနပဋိနိဒ္ဒေသ (အာယတနကို ထပ်၍ အကျယ်ပြခြင်း)
မနာယတန
၆၅။ ထိုအခါ၌ မနာယတနဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိတတ်သော သဘော၊ သိမှုဟူသောဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရ သိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူး သိမှုအစု {၀ိညာဏက္ခန္ဓာ} ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော {မနောဝိညာဏ ဓာတ်} သည် (ရှိ၏)။ ထိုအခါ၌ မနာယတနဟူသည် ဤသဘောဖြစ်၏။
ဓမ္မာယတန
၆၆။ ထိုအခါ၌ ဓမ္မာယတနဟူသည် အဘယ်သဘောဖြစ်သနည်း။
ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာသည် (ရှိ၏)။ ထိုအခါ၌ ဓမ္မာယတနဟူသည် ဤသဘော ဖြစ်၏။။ ထိုအခါ၌ ဤအာယတန နှစ်ပါးတို့သည် ဖြစ်ကုန်၏။
ဓာတုနိဒ္ဒေသ (ဓာတ်ကို အကျယ်ပြခြင်း)
၆၇။ ထိုအခါ၌ ဓာတ်နှစ်ပါးတို့ဟူသည် အဘယ်တို့နည်း။ မနောဝိညာဏဓာတ်, ဓမ္မဓာတ်တို့တည်း။
ဓာတုပဋိနိဒ္ဒေသ (ဓာတ်ကို ထပ်၍ အကျယ်ပြခြင်း)
မနောဝိညာဏဓာတ်
၆၈။ ထိုအခါ၌ မနောဝိညာဏဓာတ်ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိတတ်သောသဘော၊ {သိမှု} ဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရသိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိမှုအစု {၀ိညာဏက္ခန္ဓာ} ၊ ထိုစိတ်အားလျောက်ပတ်သော အထူးသိမှု သဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထိုအခါ၌ {မနောဝိညာဏ ဓာတ်} ဟူသည် ဤသဘောဖြစ်၏။
ဓမ္မဓာတ်
၆၉။ ထိုအခါ၌ ဓမ္မဓာတ်ဟူသည် အဘယ်သဘောဖြစ်သနည်း။
ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာသင်္ခါရက္ခန္ဓာသည် (ရှိ၏)။ ထိုအခါ၌ ဓမ္မဓာတ်ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏။
အာဟာရနိဒ္ဒေသ (အာဟာရကို အကျယ်ပြခြင်း)
၇၀။ ထိုအခါ၌ အာဟာရသုံးပါးတို့ဟူသည် အဘယ်တို့နည်း။ ဖဿာဟာရ, မနောသေÍ္စတနာ ဟာရ, ၀ိညာဏာဟာရ ဤသည်တို့တည်း။
အာဟာရပဋိနိဒ္ဒေသ (အာဟာရကို ထပ်၍ အကျယ်ပြခြင်း)
ဖဿာဟာရ
၇၁။ ထိုအခါ၌ ဖဿာဟာရဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် တွေ့ထိခြင်းသဘော၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံ အခြင်းအရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏ အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ {ဖဿာဟာရ} ဟူသည် ဤသဘောဖြစ်၏။
မေနာသေÍၥတနာဟာရ
၇၂။ ထိုအခါ၌ မေနာသေÍ္စတနာဟာရဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် စေ့ဆော်ခြင်းသဘော {စေတနာ} ၊ ကောင်းစွာ စေ့ဆော် ခြင်းသဘော {သေÍ္စတနာ} ၊ စေ့ဆော်တတ်သည်၏အဖြစ် {စေတယိတတ္တ} သည် (ရှိ၏)။ ထိုအခါ၌ {မနော သေÍ္စတနာဟာရ} ဟူသည့်ဤသဘော ဖြစ်၏။။
ဝိညာဏာဟာရ
၇၃။ ထိုအခါ၌ ၀ိညာဏာဟာရဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိတတ်သော သဘော၊ သိမှုဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရ သိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိမှုအစု {၀ိညာဏက္ခန္ဓာ} ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထိုအခါ၌ {၀ိညာဏာဟာရ} ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤအာဟာရ သုံးပါးတို့သည် ဖြစ်ကုန်၏။
ဣန္ဒြိယနိဒ္ဒေသ (ဣနြေ္ဒကို အကျယ်ပြခြင်း)
၇၄။ ထိုအခါ၌ ဣနြေ္ဒရှစ်ပါးတို့ဟူသည် အဘယ်တို့နည်း။
သဒ္ဓိနြေ္ဒ, ၀ီရိယိနြေ္ဒ, သတိနြေ္ဒ, သမာဓိနြေ္ဒ, ပညိနြေ္ဒ, မနိနြေ္ဒ, သောမနဿိနြေ္ဒ, ဇီဝိတိနြေ္ဒ ဤရှစ်ပါးတို့တည်း။
ဣန္ဒြိယပဋိနိဒ္ဒေသ (ဣနြေ္ဒကို ထပ်၍အကျယ်ပြခြင်း)
သဒ္ဓိနြေ္ဒ
၇၅။ ထိုအခါ၌ သဒ္ဓိနြေ္ဒဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် ယုံကြည်မှု၊ ယုံကြည်ပုံအခြင်းအရာ၊ သက်ဝင်ပုံ အခြင်းအရာ၊ အလွန် ကြည်လင်ခြင်းသဘော၊ သဒ္ဓါဟူသောအစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရယုံကြည်မှု {သဒ္ဓိနြေ္ဒ} ဟူသည် ဤသဘောဖြစ်၏။
(ပဒ အမှတ်၁၂-သဒ္ဓိနြေ္ဒကြည့်)
ဝီရိယနြေ္ဒ
၇၆။ ထိုအခါ၌ {၀ီရိယိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသောအကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အား ထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲ ကိုသည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏ အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု {၀ီရိယနြေ္ဒ} ၊ မတုန်မလှုပ်အားထုတ်မှု {၀ီရိယဗိုလ်} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရအားထုတ်မှု {၀ီရိယိနြေ္ဒ} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒ အမှတ်၁၃-၀ီရိယိနြေ္ဒကြည့်)
သတိနြေ္ဒ
၇၇။ ထိုအခါ၌ အစိုးတရအောက်မေ့မှု {သတိနြေ္ဒ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန်အောက်မေ့မှု၊ {သတိ} ဟူသောအောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ပျောက်မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ဟူသည် ဤသဘောဖြစ်၏။
(ပဒ အမှတ်၁၄-သတိနြေ္ဒ ကြည့်)
သမာဓိနြေ္ဒ
၇၈။ ထိုအခါ၌ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၏ တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့ လျားမှု၊ မပျံ့လွင့်မှု၊ စိတ်မရွေ့လျားမှု၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ်တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရတည်ကြည်မှု {သမာဓိနြေ္ဒ} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒ အမှတ်၁၁-စိတ္တေဿကဂ္ဂတာကြည့်)
ပညိနြေ္ဒ
၇၉။ ထိုအခါ၌ အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် အပြားအားဖြင့် သိမှု၊ အပြားအားဖြင့် သိခြင်းသဘော၊ စိစစ်ခြင်း သဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာမှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိÓဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်၊ စဉ်းစားခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသော သဘော၊ တစ်နည်း -ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးတွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့်သိတတ် သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ရောက်ရန်ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊ ပညာဟူသော အစိုးတရ အပြားအားဖြင့်သိမှု {ပညိနြေ္ဒ} ၊ မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကိလေသာတို့ကို ဖြတ်တတ်သော) အပြားအားဖြင့် သိမှု လက်နက်။ (မိမိဖြစ်ရာပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့်သိမှုပြာသာဒ်၊ အပြားအားဖြင့် သိမှုအလင်း၊ အပြားအားဖြင့် သိမှုအရောင်၊ အပြားအားဖြင့်သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ,ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှုပညာရတနာ၊ မတွေဝေမှု {အမောဟ}။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော {ဓမ္မ၀ိစယ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ဟူသည် ဤသဘောဖြစ်၏။
(ပဒ အမှတ်၁၆-ပညိနြေ္ဒ ကြည့်)
မနိနြေ္ဒ
၈၀။ ထိုအခါ၌ အစိုးတရသိမှု {မနိနြေ္ဒ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၊ သိခြင်းသဘော၊ သိမှုသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိတတ်သောသဘော၊ သိမှုဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရ သိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိမှုအစု {၀ိညာဏက္ခန္ဓာ} ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု {မနိနြေ္ဒ} ဟူသည် ဤသဘောဖြစ်၏။
သောမနဿိနြေ္ဒ
၈၁။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု {သောမနဿိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသော အကြင် သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ ခံစားမှု၊ ချမ်းသာခံစားမှုသည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစိတ်ချမ်းသာမှု {သောမနဿိနြေ္ဒ} ဟူသည် ဤသဘောဖြစ်၏။
ဇီဝိတိနြေ္ဒ
၈၂။ ထိုအခါ၌ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ ထိုနာမ်တရားတို့၏ အကြင် အသက်၊ တည်ကြောင်း သဘော၊ ဖြစ်ခြင်းသဘော၊ ဖြစ်စေခြင်းသဘော၊ ဖြစ်မှုသဘော၊ ဖြစ်ကြောင်းသဘော၊ စောင့်ရှောက် ခြင်းသဘော၊ အသက် ရှည်ကြောင်း သဘော၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရစောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} ဟူသည် ဤသဘော ဖြစ်၏။ ထိုအခါ၌ ဤဣနြေ္ဒ ရှစ်ပါးတို့သည် ဖြစ်ကုန်၏။
(ပဒ အမှတ်၁၉-ဇီဝိတိနြေ္ဒ ကြည့်)
(ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ၀ီရိယ, သတိ, ဧကဂ္ဂတာ, ပညာ ဣနြေ္ဒတရားကိုယ် ရှစ်ပါး)။
ဈာနနိဒ္ဒေသ (ဈာန်ကို အကျယ်ပြခြင်း)
၈၃။ ထိုအခါ၌ အင်္ဂါငါးပါးရှိသော ဈာန်ဟူသည် အဘယ်နည်း။
ကြံစည်မှု {၀ိတက်} ၊ သုံးသပ်မှု {၀ိစာရ} ၊ နှစ်သက်မှု {ပီတိ} ၊ ချမ်းသာမှု {သုခ} ၊ စိတ်၏တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ် {စိတ္တေဿ ကဂ္ဂတာ} ဤသည်တို့တည်း။
ဈာနပဋိနိဒ္ဒေသ (ဈာန်ကို ထပ်၍အကျယ်ပြခြင်း)
ဝိတက်
၈၄။ ထိုအခါ၌ ကြံစည်မှု {၀ိတက်} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံစည်ခြင်း သဘော၊ တည်ကြည်သော စိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေခြင်းသဘော၊ စိတ်ကိုအာရုံသို့ ရှေးရှုတင်ပေးခြင်းသဘော၊ ကောင်းစွာ ကြံစည်ခြင်း {သမ္မာသင်္ကပ္ပ} သည် (ရှိ၏)။ ထိုအခါ၌ ကြံစည်မှု {၀ိတက်} ဟူသည် ဤသဘောဖြစ်၏။
(ပဒ အမှတ် ၇-၀ိတက်ကြည့်)
ဝိစာရ
၈၅။ ထိုအခါ၌ သုံးသပ်မှု {၀ိစာရ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်သုံးသပ်မှု၊ အထူးသုံးသပ်မှု၊ ကပ်၍သုံးသပ်မှု၊ စိတ်ကို (အာရုံနှင့်) အစဉ်မပြတ် ဆက်စပ်၍ ထားမှု၊ စိတ်၏ (အာရုံကို) အစဉ်မပြတ် ကြည့်ရှုနေသကဲ့သို့ ဖြစ်သော သဘောသည် (ရှိ၏)။ ထိုအခါ၌ သုံးသပ်မှု {၀ိစာရ} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒ အမှတ် ၈-၀ိစာရကြည့်)
ပီတိ
၈၆။ ထိုအခါ၌ နှစ်သက်မှု {ပီတိ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်နှစ်သက်မှု၊ ၀မ်းမြောက်မှု၊ လွန်စွာ ၀မ်းသာမှု၊ များစွာ ၀မ်းသာမှု၊ ရွှင်လန်းမှု၊ များစွာ ရွှင်လန်းမှု၊ နှစ်သက်မှု၊ တက်<ကမှု၊ စိတ်၏ နှစ်လိုမှုသည် (ရှိ၏)။ ထိုအခါ၌ နှစ်သက်မှု {ပီတိ} ဟူသည်ဤသဘောဖြစ်၏။
(ပဒ အမှတ် ၉-ပီတိကြည့်)
သုခ
၈၇။ ထိုအခါ၌ ချမ်းသာမှု {သုခ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် စိတ်၌ မှီသော သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာခံစားမှု {ဝေဒနာ} သည် (ရှိ၏)။ ထိုအခါ၌ ချမ်းသာမှု {သုခ} ဟူသည် ဤသဘောဖြစ်၏။
(ပဒ အမှတ်၁၀-သုခကြည့်)
စိတ္တေဿကဂ္ဂတာ
၈၈။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် စိတ်၏ တည်မှု၊ ကောင်းစွာတည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ စိတ်မရွေ့လျားမှု၊ ငြိမ်သက်မှု၊ အစိုးတရတည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤအင်္ဂါငါးပါးရှိသော ဈာန်သည် ဖြစ်၏။
(ပဒ အမှတ်၁၁-စိတ္တေဿကဂ္ဂတာကြည့်)
(၀ိတက်, ၀ိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာ ဈာနင်ငါးပါး)။
မဂ္ဂနိဒ္ဒေသ (မဂ်ကို အကျယ်ပြခြင်း)
၈၉။ ထိုအခါ၌ အင်္ဂါငါးပါးရှိသော မဂ်ဟူသည် အဘယ်နည်း။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဤသည်တို့တည်း။
မဂ္ဂပဋိနိဒ္ဒေသ (မဂ်ကို ထပ်၍အကျယ်ပြခြင်း)
သမ္မာဒိဋ္ဌိ
၉၀။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် အပြားအားဖြင့်သိမှု၊ အပြားအားဖြင့် သိခြင်းသဘော၊ စိစစ်ခြင်း သဘော၊ အပြားအားဖြင့် စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာမှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိÓဏ်ရှိသူ၏အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏ အဖြစ်၊ သိမ်မွေ့သူ၏ အဖြစ်၊ ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏ အဖြစ်၊ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသောသဘော တစ်နည်း -ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သောသဘော၊ ထိုးထွင်း ၍ သိမှု၌ ညွှတ်စေတတ်သောသဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ ပြေးသွားနေသော စိတ်ကိုလမ်းမှန်သို့ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသောသဘော၊ ပညာဟူသောအစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပြာသာဒ်။ (အ၀ိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှုအလင်း။ (ကြည်လင် တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုအရောင်။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကိုဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု {အမောဟ}။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း {ဓမ္မ၀ိစယ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာ ဒိဋ္ဌိ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ဟူသည် ဤသဘော ဖြစ်၏။
(ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)
သမ္မာသင်္ကပ္ပ
၉၁။ ထိုအခါ၌ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် ကြံစည်ခြင်းသဘော၊ အထူးကြံစည်ခြင်းသဘော၊ ကောင်းစွာ ကြံစည်ခြင်းသဘော၊ စိတ်ကို အာရုံသို့ ရောက်စေခြင်းသဘော၊ အထူးရောက်စေခြင်း သဘော၊ စိတ်ကို အာရုံသို့ရှေးရှုတင်ပေးမှုသဘော၊ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာကြံစည်မှု {သမ္မာသင်္ကပ္ပ} ဟူသည် ဤသဘော ဖြစ်၏။။
(ပဒ အမှတ် ၇-၀ိတက်ကြည့်)
သမ္မာဝါယာမ
၉၂။ ထိုအခါ၌ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယမ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့် တိုးတက်အားထုတ်မှု၊ အထက်သို့တက်၍ ကြိုးပမ်းမှု (အထက်တန်း ရောက်အောင်ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သော အားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သောတာဝန်ရှိသူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရအားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၃-၀ီရိယိနြေ္ဒကြည့်)
သမ္မာသတိ
၉၃။ ထိုအခါ၌ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံ အခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သောအခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ ပျောက်မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} ဟူသည် ဤသဘောဖြစ်၏။
(ပဒ အမှတ်၁၄-သတိနြေ္ဒကြည့်)
သမ္မာသမာဓိ
၉၄။ ထိုအခါ၌ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၏တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ,ဟူသည် ဤသဘော ဖြစ်၏။။ ထိုအခါ၌ အင်္ဂါငါးပါးရှိသော ဤမဂ်သည် ဖြစ်၏။
(ပဒအမှတ်၁၅-သမာဓိနြေ္ဒကြည့်)
(ပညာ, ၀ိတက်, ၀ီရိယ, သတိ, ဧကဂ္ဂတာ မဂ္ဂင်တရားကိုယ်ငါးပါး။)
ဗလနိဒ္ဒေသ (ဗိုလ်ကို အကျယ်ပြခြင်း)
၉၅။ ထိုအခါ၌ ဗိုလ်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း။ သဒ္ဓါဗိုလ်, ၀ီရိယဗိုလ်, သတိဗိုလ်, သမာဓိဗိုလ်, ပညာဗိုလ်, ဟိရီဗိုလ်, သြတ္တပ္ပဗိုလ် ဤသည်တို့တည်း။
ဗလပဋိနိဒ္ဒေသ (ဗိုလ်ကို ထပ်၍ အကျယ်ပြခြင်း)
သဒ္ဓါဗိုလ်
၉၆။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်ယုံကြည်မှု၊ ယုံကြည်ပုံအခြင်းအရာ၊ သက်ဝင်ပုံအခြင်းအရာ၊ အလွန် ကြည်လင်မှု၊ {သဒ္ဓါ} ဟူသော အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၂-သဒ္ဓိနြေ္ဒကြည့်)
ဝီရိယဗိုလ်
၉၇။ ထိုအခါ၌ မတုန်မလှုပ်ရဲဝံ့မှု (ရဲရင့်မှု) {၀ီရိယဗိုလ်} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု၊ အဆင့်ဆင့်တိုးတက်အားထုတ်မှု၊ အထက်သို့ တက်၍ ကြိုးပမ်းမှု (အထက်တန်းရောက်အောင် ကြိုးပမ်းမှု)၊ လုံ့လစိုက်မှု၊ ဆင်းရဲကို သည်းခံမှု၊ အပြင်းအထန် ကြိုးစားမှု၊ ခိုင်မြဲမှု၊ ဆောင်ထားမှု၊ မလျော့သောအားထုတ်မှုရှိသူ၏အဖြစ်၊ မချအပ်သော အလိုဆန္ဒရှိသူ၏အဖြစ်၊ မချအပ်သော တာဝန်ရှိ သူ၏အဖြစ်၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မှု၊ ရဲဝံ့သူ (ရဲရင့်သူ)တို့၏ အမှုအလုပ်၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် (ရှိ၏)။ ထိုအခါ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၃-၀ီရိယိနြေ္ဒကြည့်)
သတိဗိုလ်
၉၈။ ထိုအခါ၌ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်အောက်မေ့မှု၊ အစဉ်အောက်မေ့မှု၊ တစ်ဖန် အောက်မေ့မှု၊ သတိဟူသော အောက်မေ့ပုံအခြင်းအရာ၊ ဆောင်ပုံအခြင်းအရာ၊ မပေါ်သော အခြင်းအရာ (အာရုံ၌ စူးစိုက်မှု)၊ မမေ့ ပျောက်မှု၊ သတိဟူသော အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ ကောင်းစွာအောက်မေ့မှု {သမ္မာသတိ} သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ဟူသည်ဤသဘောဖြစ်၏။
(ပဒအမှတ်၁၄-သတိနြေ္ဒကြည့်)
သမာဓိဗိုလ်
၉၉။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၏ တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍ တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ မရွေ့လျားသော စိတ်ရှိသူ၏အဖြစ် (စိတ်မရွေ့လျားမှု)၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာ သမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၁-စိတ္တေဿကဂ္ဂတာကြည့်)
ပညာဗိုလ်
၁၀၀။ ထိုအခါ၌ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု {ပညာဗိုလ်} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲ ခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ (အနိစ္စစသည်ကို) စိစစ်ခြင်းသဘော။ (ခွဲခွဲခြားခြား) အပြား အားဖြင့်စိစစ်ခြင်းသဘော။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော။ (အနိစ္စစသည်ကို) ကောင်း စွာမှတ်ခြင်းသဘော၊ ကပ်၍ မှတ်ခြင်းသဘော၊ ရှေးရှုကပ်၍ မှတ်ခြင်းသဘော၊ အသိÓဏ်ရှိသူ၏ အဖြစ်၊ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်၊ သိမ်မွေ့သူ၏အဖြစ် (အနိစ္စစသည်ကို) ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ) ၏အဖြစ်။ (အနိစ္စစသည်ကို) ကြံစည်ခြင်းသဘော၊ နှိုင်းချိန်ခြင်းသဘော၊ မြေကြီးနှင့် တူသောသဘော၊ တစ်နည်း-ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊ ကိလေသာတို့ကို ညှဉ်းဆဲနှိပ်စက်တတ်သော သဘော၊ ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊ အထူးထူး ရှုမြင်တတ်သော သဘော၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိတတ်သော သဘော။ (လမ်းမှားသို့ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ်သဖြင့်) နှင်တံ (တုတ်တပြာ) နှင့်တူသောသဘော၊ ပညာဟူသော အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကိလေသာတို့ကို ဖြတ်တတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုလက်နက်။ (မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုပြာသာဒ်။ (အ၀ိဇ္ဇာ အမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းလင်းစေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုအလင်း။ (ကြည်လင်တောက်ပသော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုအရောင်။ (ထွန်းပြတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုတန်ဆောင်။ (ဖြစ်နိုင်ခဲ ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ပညာရတနာ၊ မတွေဝေမှု {အမောဟ}။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော {ဓမ္မ၀ိစယ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် (ရှိ၏)။ ထိုအခါ၌ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညာဗိုလ်} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)
ဟိရီဗိုလ်
၁၀၁။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု {ဟိရီဗိုလ်} ဟူသည်အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်သဘောတရားသည် ရှက်ထိုက်သောကာယဒုစရိုက်စသည်ကို ရှက်တတ်၏၊ ယုတ်မာသော အကုသိုလ်တရားများသို့ရောက်ခြင်း (ကျူးလွန်ခြင်း) ကို ရှက်တတ်၏။ ထိုအခါ၌ မတုန်မလှုပ် ရှက်မှု {ဟိရီဗိုလ်} ဟူသည် ဤသဘောပင်ဖြစ်၏။
သြတ္တပ္ပဗိုလ်
၁၀၂။ ထိုအခါ၌ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်သဘောတရား သည်ကြောက်လန့်ထိုက်သော ကာယဒုစရိုက်စသည်မှ ကြောက်လန့်တတ်၏။ ယုတ်မာသော အကုသိုလ် တရားများသို့ ရောက်ခြင်း (ကျူးလွန်ခြင်း) မှ ကြောက်လန့်တတ်၏။ ထိုအခါ၌ မတုန်မလှုပ် ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} ဟူသည် ဤသဘော ဖြစ်၏။။ ထိုအခါ၌ ဤဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏။
(သဒ္ဓါ, ၀ီရိယ, သတိ, သမာဓိ, ပညာ, ဟိရီ, သြတ္တပ္ပ ဗိုလ် ၇-ပါးသရုပ်။)
ဟေတုနိဒ္ဒေသ (ဟိတ်ကို အကျယ်ပြခြင်း)
၁၀၃။ ထိုအခါ၌ ဟိတ်သုံးပါးတို့ဟူသည် အဘယ်တို့နည်း။
အလောဘ, အဒေါသ, အမောဟ ဤသုံးပါတို့တည်း။
ဟေတုပဋိနိဒ္ဒေသ (ဟိတ်ကို ထပ်၍ အကျယ်ပြခြင်း)
အလောဘ
၁၀၄။ ထိုအခါ၌ မလိုချင်မှု {အလောဘ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင်မလိုချင်ခြင်းသဘော၊ မလိုချင်ပုံအခြင်းအရာ၊ မလိုချင်တတ်သူ၏ အဖြစ်၊ မစွဲလမ်းခြင်း၊ မစွဲလမ်းပုံ အခြင်းအရာ၊ မစွဲလမ်းတတ်သူ၏အဖြစ်၊ မမက်မောမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မလိုချင်မှု {အလောဘကုသလမူလ} သည် (ရှိ၏)။ ထိုအခါ၌ မလိုချင်မှု {အလောဘ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ် ၃၂-အလောဘကြည့်)
အဒေါသ
၁၀၅။ ထိုအခါ၌ မဖျက်ဆီးမှု {အဒေါသ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် မဖျက်ဆီးခြင်းသဘော၊ မဖျက်ဆီးပုံ အခြင်းအရာ၊ မဖျက်ဆီးတတ်သူ၏အဖြစ်၊ စိတ်မပျက်ဆီးမှု၊ စိတ်မပျက်စီးစေလိုမှု၊ ကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော မဖျက်ဆီးမှု {အဒေါသကုသလမူလ} သည် (ရှိ၏)။ ထိုအခါ၌ မဖျက်ဆီးမှု {အဒေါသ} ဟူသည် ဤသဘောဖြစ်၏။
(ပဒအမှတ် ၃၃-အဒေါသကြည့်)
အမောဟ
၁၀၆။ ထိုအခါ၌ မတွေဝေမှု {အမောဟ} ဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ပ။ မတွေဝေမှု။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် (ရှိ၏)။ ထိုအခါ၌ မတွေဝေမှု {အမောဟ} ဟူသည် ဤသဘောဖြစ်၏။ ထိုအခါ၌ ဤဟိတ်သုံးပါးတို့သည်ဖြစ်ကုန်၏။ (ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)
ဖဿတစ်ပါး
၁၀၇။ ထိုအခါ၌ တွေ့ထိမှု {ဖဿ}တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်တွေ့ထိခြင်း သဘော၊ တွေ့ထိပုံအခြင်းအရာ၊ ကောင်းစွာ တွေ့ထိပုံအခြင်း အရာ၊ ကောင်းစွာတွေ့ထိတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ တွေ့ထိမှု {ဖဿ} တစ်ပါးဟူသည် ဤသဘောဖြစ်၏။
ဝေဒနာတစ်ပါး
၁၀၈။ ထိုအခါ၌ ခံစားမှု {ဝေဒနာ}တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် စိတ်၌ မှီသော သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာ တွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာခံစားမှု {ဝေဒနာ} သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှု {ဝေဒနာ} တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။
သညာတစ်ပါး
၁၀၉။ ထိုအခါ၌ မှတ်သားမှု {သညာ} တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်မှတ်သားမှု၊ မှတ်သားပုံအခြင်းအရာ၊ မှတ်သားတတ်သည်၏ အဖြစ် သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှု {သညာ} တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။
စေတနာတစ်ပါး
၁၁၀။ ထိုအခါ၌ စေ့ဆော်မှု {စေတနာ}တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် စေ့ဆော်မှု၊ ကောင်းစွာ စေ့ဆော်ပုံ အခြင်းအရာ၊ စိတ်၏စေ့ဆော် တတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ စေ့ဆော်မှု {စေတနာ} တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။
စိတ်တစ်ပါး
၁၁၁။ ထိုအခါ၌ စိတ်တစ်ပါးဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ ညွတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး ဖြူစင် သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရသိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} ၊ ထိုစိတ်အား လျောက်ပတ်သော အထူး သိမှုသဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထိုအခါ၌ စိတ်တစ်ပါးဟူသည် ဤသဘော ဖြစ်၏။
ဝေဒနာက္ခန္ဓာတစ်ပါး
၁၁၂။ ထိုအခါ၌ ခံစားမှုအစု {ဝေဒနာက္ခန္ဓာ}တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ်၌ မှီသော သာယာမှု၊ စိတ်၌ မှီသော ချမ်းသာမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့် ဖြစ်သော သာယာဖွယ်ကို ခံစားမှု၊ ချမ်းသာကို ခံစားမှု၊ စိတ်၏ ကောင်းစွာတွေ့ထိမှုကြောင့်ဖြစ်သော သာယာဖွယ် ခံစားမှု၊ ချမ်းသာခံစားမှု {ဝေဒနာ} သည် (ရှိ၏)။ ထိုအခါ၌ ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။
သညာက္ခန္ဓာတစ်ပါး
၁၁၃။ ထိုအခါ၌ မှတ်သားမှုအစု {သညာက္ခန္ဓာ} တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် မှတ်သားမှု၊ မှတ်သားပုံ အခြင်းအရာ၊ မှတ်သားတတ်သည်၏အဖြစ်သည် (ရှိ၏)။ ထိုအခါ၌ မှတ်သားမှုအစု {သညာက္ခန္ဓာ} တစ်ပါးဟူသည်ဤသဘော ဖြစ်၏။
သင်္ခါရက္ခန္ဓာတစ်ပါး
၁၁၄။ ထိုအခါ၌ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
(ထိုအခါ၌) တွေ့ထိမှု {ဖဿ} ၊ စေ့ဆော်မှု {စေတနာ} ၊ ကြံစည်မှု {၀ိတက်} ၊ သုံးသပ်မှု {၀ိစာရ} ၊ နှစ်သက်မှု {ပီတိ} ၊ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿ ကဂ္ဂတာ} ၊ အစိုးတရယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ၊ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} ၊ မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} ၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်} ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု {ဟိရီဗိုလ်}။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} ၊ မလိုချင်မှု {အလောဘ} ၊ မဖျက်ဆီးမှု {အဒေါသ} ၊ မတွေဝေမှု {အမောဟ} ၊ မမက်မောမှု {အနဘိဇ္ဈာ} ၊ စိတ်မပျက်စီးမှု {အဗျာပါဒ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ}။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) ရှက်မှု {ဟိရီ}။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု {သြတ္တပ္ပ} ၊ စေတသိက် အပေါင်း (ကိုယ်) ၏ ငြိမ်းချမ်းမှု {ကာယပဿဒ္ဓိ} ၊ စိတ်၏ ငြိမ်းချမ်းမှု {စိတ္တပဿဒ္ဓိ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ လျင်မြန်ပေါ့ပါးမှု {ကာယလဟုတာ} ၊ စိတ်၏ လျင်မြန် ပေါ့ပါးမှု {စိတ္တလဟုတာ} ၊ စေတသိက် အပေါင်း (ကိုယ်) ၏ နူးညံ့မှု {ကာယမုဒုတာ} ၊ စိတ်၏ နူးညံ့မှု {စိတ္တမုဒုတာ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ခံ့မှု {ကာယကမ္မညတာ} ၊ စိတ်၏ ခံ့မှု {စိတ္တကမ္မညတာ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ အလေ့ အကျင့်ရှိမှု (ကျင့်သားရမှု) {ကာယပါဂုညတာ} ၊ စိတ်၏အလေ့အကျင့်ရှိမှု (ကျင့်သားရမှု) {စိတ္တပါဂုညတာ} ၊ စေတသိက်အပေါင်း (ကိုယ်) ၏ ဖြောင့်မတ်မှု {ကာယုဇုကတာ} ၊ စိတ်၏ ဖြောင့်မတ်မှု {စိတ္တုဇုကတာ} ၊ အောက်မေ့မှု {သတိ} ၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {သမ္ပဇည} ၊ ငြိမ်သက်မှု {သမထ} ၊ အထူးထူး ရှုမြင်မှု {၀ိပဿနာ} ၊ ချီးမြှောက်မှု {ပဂ္ဂါဟ} ၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ကိုချန်ထား၍ မှတ်သားမှုအစု {သညာက္ခန္ဓာ} ကို ချန်ထား၍ အထူး သိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} ကိုချန်ထား၍ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကိုစွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ,သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန် ၏။ ထိုအခါ၌ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။
ဝိညာဏက္ခန္ဓာတစ်ပါး
၁၁၅။ ထိုအခါ၌ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ}တစ်ပါးဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ညွှတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရသိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိမှု (စိတ်) အစု {၀ိညာ ဏက္ခန္ဓာ} ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှု သဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထို အခါ၌ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။
မနောယတနတစ်ပါး
၁၁၆။ ထိုအခါ၌ သိမှုဟူသော ဖြစ်ရာဌာန {မနာယတန}တစ်ပါးဟူသည် အဘယ်သဘောဖြစ်သနည်း။
ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ ညွှတ်၍) သိတတ် သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရသိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိမှု (စိတ်) အစု {၀ိညာ ဏက္ခန္ဓာ} ၊ ထိုစိတ်အား လျောက်ပတ်သော အထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထို အခါ၌ သိမှုဟူသော ဖြစ်ရာဌာန {မနာယတန} တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။
မနိနြေ္ဒတစ်ပါး
၁၁၇။ ထိုအခါ၌ အစိုးတရ သိမှု {မနိနြေ္ဒ}တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် စိတ်။ (အာရုံသို့ညွှတ်၍) သိတတ်သော သဘော၊ သိခြင်း သဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရ သိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} ၊ ထိုစိတ်အား လျောက်ပတ်သောအထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထိုအခါ၌ အစိုးတရ သိမှု {မနိနြေ္ဒ} တစ်ပါးဟူသည် ဤသဘော ဖြစ်၏။။
မနောဝိညာဏဓာတ်တစ်ပါး
၁၁၈။ ထိုအခါ၌ အထူးသိမှုသဘော {မနောဝိညာဏဓာတ်}တစ်ပါးဟူသည်အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင်စိတ် (အာရုံသို့ ညွှတ်၍) သိတတ်သော သဘော၊ သိခြင်းသဘော၊ စိတ်နှလုံး၊ ဖြူစင်သော သဘော၊ သိမှုသဘော၊ သိခြင်းဟူသော ဖြစ်ရာဌာန {မနာယတန} ၊ အစိုးတရ သိမှု {မနိနြေ္ဒ} ၊ အထူးသိမှု {၀ိညာဏ} ၊ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} ၊ ထိုစိတ်အားလျောက်ပတ်သော အထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် (ရှိ၏)။ ထိုအခါ၌ အထူးသိမှု သဘော {မနောဝိညာဏဓာတ်} တစ်ပါးဟူသည် ဤသဘောဖြစ်၏။
ဓမ္မာယတနတစ်ပါး
၁၁၉။ ထိုအခါ၌ {ဓမ္မာယတန}တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ၊ မှတ်သားမှုအစု {သညာက္ခန္ဓာ} ၊ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} သည် (ရှိ၏)။ ထိုအခါ၌ {ဓမ္မာယတန} တစ်ပါးဟူသည် ဤသဘောဖြစ်၏။
ဓမ္မဓာတ်တစ်ပါး
၁၂၀။ ထိုအခါ၌ {ဓမ္မဓာတ်}တစ်ပါးဟူသည် အဘယ်သဘော ဖြစ်သနည်း။
ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ၊ မှတ်သားမှုအစု {သညာက္ခန္ဓာ} ၊ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} သည် (ရှိ၏)။ ထိုအခါ၌ {ဓမ္မဓာတ်} တစ်ပါးဟူသည် ဤသဘောဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ,မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရား တို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
နိဒ္ဒေသ နှင့် ပဋိနိဒ္ဒေသ၀ါရ ပြီးပြီ။
ကောဋ္ဌာသ၀ါရ ပြီးပြီ။
------
သုညတ၀ါရ (ဓမ္မတို့၏ အတ္တမှ ဆိတ်သုဉ်းသည်ကို ပြရန် ဟောကြားခြင်း)
(က) ဥဒ္ဒေသ၀ါရ (အကျဉ်းချုပ် ဟောကြားခြင်း)
ကာမာဝစရကုသိုလ် ပဌမစိတ်
၁၂၁။ ဆက်ဦးအံ့၊ ထိုအခါ၌ ဓမ္မတို့သည် ဖြစ်ကုန်၏၊ ခန္ဓာတို့သည် ဖြစ်ကုန်၏၊ အာယတနတို့သည် ဖြစ်ကုန်၏၊ ဓာတ်တို့သည် ဖြစ်ကုန်၏၊ အာဟာရတို့သည် ဖြစ်ကုန်၏၊ ဣနြေ္ဒတို့သည် ဖြစ်ကုန်၏၊ ဈာန်သည်ဖြစ်၏၊ မဂ်သည် ဖြစ်၏၊ ဗိုလ်တို့သည် ဖြစ်ကုန်၏၊ ဟိတ်တို့သည်ဖြစ်ကုန်၏၊ ဖဿသည် ဖြစ်၏၊ ဝေဒနာသည် ဖြစ်၏၊ သညာသည် ဖြစ်၏၊ စေတနာသည် ဖြစ်၏၊ စိတ်သည် ဖြစ်၏၊ ဝေဒနာက္ခန္ဓာသည် ဖြစ်၏၊ သညာက္ခန္ဓာသည် ဖြစ်၏၊ သင်္ခါရက္ခန္ဓာသည် ဖြစ်၏၊ ၀ိညာဏက္ခန္ဓာသည် ဖြစ်၏၊ မနာယတနသည် ဖြစ်၏၊ မနိနြေ္ဒသည် ဖြစ်၏၊ မနောဝိညာဏဓာတ်သည့်ဖြစ်၏၊ ဓမ္မာယတနသည် ဖြစ်၏၊ ဓမ္မဓာတ်သည် ဖြစ်၏၊ ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။
ဥဒ္ဒေသ၀ါရ ပြီးပြီ။
------
(ခ) နိဒ္ဒေသ၀ါရ (အကျယ်ဟောကြားခြင်း)
ဓမ္မများ
၁၂၂။ ထိုအခါ၌ အဘယ်ဓမ္မတို့သည် ဖြစ်ကုန်သနည်း။
ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ၊ မှတ်သားမှု အစု {သညာက္ခန္ဓာ} ၊ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ၊ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} သည် (ရှိ၏)။ ထိုအခါ၌ ဤဓမ္မတို့သည် ဖြစ်ကုန်၏။
ခန္ဓာများ
၁၂၃။ ထိုအခါ၌ အဘယ်ခန္ဓာတို့သည် ဖြစ်ကုန်သနည်း။
ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ၊ မှတ်သားမှုအစု {သညာက္ခန္ဓာ} ၊ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ၊ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} သည် (ရှိ၏)။ ထိုအခါ၌ ဤခန္ဓာတို့သည် ဖြစ်ကုန်၏။
အာယတနများ
၁၂၄။ ထိုအခါ၌ အဘယ်အာယတနတို့သည် ဖြစ်ကုန်သနည်း။
သိမှုဟူသော ဖြစ်ရာဌာန {မနာယနတန} ၊ သဘာဝတရားဟူသော ဖြစ်ရာဌာန {ဓမ္မာယတန} သည် (ရှိ၏)။ ထိုအခါ၌ ဤအာယတနတို့သည် ဖြစ်ကုန်၏။
ဓာတ်များ
၁၂၅။ ထိုအခါ၌ အဘယ်ဓာတ်တို့သည် ဖြစ်ကုန်သနည်း။
အထူးသိမှု သဘော {မနောဝိညာဏဓာတ်} ၊ တရား သဘာဝ {ဓမ္မဓာတ်} (စေတသိက်များ) သည် (ရှိ၏)။ ထိုအခါ၌ ဤ ဓာတ်တို့သည်ဖြစ်ကုန်၏။
အာဟာရများ
၁၂၆။ ထိုအခါ၌ အဘယ်အထောက်အပံ့ {အာဟာရ} တို့သည် ဖြစ်ကုန်သနည်း။
တွေ့ထိမှုဟူသော အထောက်အပံ့ {ဖဿာဟာရ} ၊ စိတ်ကို ကောင်းစွာ စေ့ဆော်မှုဟူသော အထောက်အပံ့ {မနောသေÍ္စတနာဟာရ} ၊ အထူးသိမှုဟူသော အထောက်အပံ့ {၀ိညာဏာဟာရ} သည် (ရှိ၏)။ ထိုအခါ၌ ဤအထောက်အပံ့ {အာဟာရ} တို့ သည် ဖြစ်ကုန်၏။
ဣနြေ္ဒများ
၁၂၇။ ထိုအခါ၌ အဘယ်ဣနြေ္ဒတို့သည် ဖြစ်ကုန်သနည်း။
အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ အစိုးတရ သိမှု {မနိနြေ္ဒ} ၊ အစိုးတရစိတ်ချမ်းသာမှု {သောမနဿိနြေ္ဒ} ၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} သည် (ရှိ၏)။ ထိုအခါ၌ ဤဣနြေ္ဒတို့သည် ဖြစ်ကုန်၏။
ဈာန်
၁၂၈။ ထိုအခါ၌ အဘယ်ဈာန်သည် ဖြစ်သနည်း။
ကြံစည်မှု {၀ိတက်} ၊ သုံးသပ်မှု {၀ိစာရ} ၊ နှစ်သက်မှု {ပီတိ} ၊ ချမ်းသာမှု {သုခ} စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿ ကဂ္ဂတာ} သည် (ရှိ၏)။ ထိုအခါ၌ ဤဈာန်သည် ဖြစ်၏။
မဂ်
၁၂၉။ ထိုအခါ၌ အဘယ်မဂ်သည် ဖြစ်သနည်း။
ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ၊ ကောင်းစွာကြံစည်မှု သမ္မာသင်္ကပ္ပ} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} ၊ ကောင်းစွာ အောက်မေ့မှု {သမ္မာ သတိ} ၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။ ထိုအခါ၌ ဤမဂ်သည် ဖြစ်၏။
ဗိုလ်များ
၁၃၀။ ထိုအခါ၌ အဘယ်ဗိုလ်တို့သည် ဖြစ်ကုန်သနည်း။
မတုန်မလှုပ် ယုံကြည်မှု {သဒ္ဓါဗိုလ်} ၊ မတုန်မလှုပ် အားထုတ်မှု {၀ီရိယဗိုလ်} ၊ မတုန်မလှုပ် အောက်မေ့မှု {သတိဗိုလ်} ၊ မတုန်မလှုပ်တည်ကြည်မှု {သမာဓိဗိုလ်} ၊ မတုန်မလှုပ် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညာဗိုလ်}။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မတုန်မလှုပ် ရှက်မှု {ဟိရီဗိုလ်}။ (ကာယဒုစရိုက်စသော မကောင်းမ့မှ) မတုန်မလှုပ် ကြောက်လန့်မှု {သြတ္တပ္ပဗိုလ်} သည် (ရှိ၏)။ ထိုအခါ၌ ဤဗိုလ်တို့သည် ဖြစ်ကုန်၏။
ဟိတ်များ
၁၃၁။ ထိုအခါ၌ အဘယ်ဟိတ်တို့သည် ဖြစ်ကုန်သနည်း။
မလိုချင်မူ {အလောဘ} ၊ မဖျက်ဆီးမှု {အဒေါသ} ၊ မတွေဝေမှု {အမောဟ} သည် (ရှိ၏)။ ထိုအခါ၌ ဤဟိတ်တို့သည် ဖြစ်ကုန်၏။
ဖဿ
၁၃၂။ ထိုအခါ၌ အဘယ်တွေ့ထိမှု {ဖဿ} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤတွေ့ထိမှု {ဖဿ} သည် ဖြစ်၏။
ဝေဒနာ
၁၃၃။ ထိုအခါ၌ အဘယ်ခံစားမှု {ဝေဒနာ} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤခံစားမှု {ဝေဒနာ} သည် ဖြစ်၏။
သညာ
၁၃၄။ ထိုအခါ၌ အဘယ်မှတ်သားမှု {သညာ} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤမှတ်သားမှု {သညာ} သည် ဖြစ်၏။
စေတနာ
၁၃၅။ ထိုအခါ၌ အဘယ်စေ့ဆော်မှု {စေတနာ} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤစေ့ဆော်မှု {စေတနာ} သည် ဖြစ်၏။
စိတ်
၁၃၆။ ထိုအခါ၌ အဘယ်သိမှု{စိတ်} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤသိမှု {စိတ်} သည် ဖြစ်၏။
ဝေဒနာက္ခန္ဓာ
၁၃၇။ ထိုအခါ၌ အဘယ်ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤခံစားမှုအစု {ဝေဒနာက္ခန္ဓာ} သည် ဖြစ်၏။
သညာက္ခန္ဓာ
၁၃၈။ ထိုအခါ၌ အဘယ်မှတ်သားမှု အစု {သညာက္ခန္ဓာ} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤမှတ်သားမှုအစု {သညာက္ခန္ဓာ} သည် ဖြစ်၏။
သင်္ခါရက္ခန္ဓာ
၁၃၉။ ထိုအခါ၌ အဘယ်ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} သည် ဖြစ်၏။
ဝိညာဏက္ခန္ဓာ
၁၄၀။ ထိုအခါ၌ အဘယ်အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤအထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} သည် ဖြစ်၏။
မနာယတန
၁၄၁။ ထိုအခါ၌ အဘယ်သိမှုဟူသော ဖြစ်ရာဌာန {မနာယတန} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤသိမှုဟူသော ဖြစ်ရာဌာန {မနာယတန} သည် ဖြစ်၏။
မနိနြေ္ဒ
၁၄၂။ ထိုအခါ၌ အဘယ်အစိုးတရ သိမှု {မနိနြေ္ဒ} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤအစိုးတရသိမှု {မနိနြေ္ဒ} သည် ဖြစ်၏။
မနောဝိညာဏဓာတ်
၁၄၃။ ထိုအခါ၌ အဘယ်အထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် ဖြစ်သနည်း။
။ပ။ ထိုအခါ၌ ဤအထူးသိမှုသဘော {မနောဝိညာဏဓာတ်} သည် ဖြစ်၏။
ဓမ္မာယတန
၁၄၄။ ထိုအခါ၌ အဘယ်သဘောတရားဟူသော ဖြစ်ရာဌာန {ဓမ္မာယတန} သည် ဖြစ်သနည်း။
ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ၊ မှတ်သားမှုအစု {သညာက္ခန္ဓာ} ၊ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} သည် (ရှိ၏)။ ထိုအခါ၌ ဤသဘောတရားဟူသော ဖြစ်ရာဌာန {ဓမ္မာယတန} သည် ဖြစ်၏။
ဓမ္မဓာတ်
၁၄၅။ ထိုအခါ၌ အဘယ်တရားသဘာဝ {ဓမ္မဓာတ်} သည် ဖြစ်သနည်း။
ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ၊ မှတ်သားမှုအစု {သညာက္ခန္ဓာ} ၊ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} သည် (ရှိ၏)။ ထိုအခါ၌ ဤ တရားသဘာဝ {ဓမ္မဓာတ်} သည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသောတရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ,ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
နိဒ္ဒေသ၀ါရ ပြီးပြီ။
သုညတ၀ါရ ပြီးပြီ။
(ကာမာဝစရကုသိုလ်) ပဌမစိတ် ပြီးပြီ။